Friday, January 8, 2010

ငါ့ကိုချစ်ရဲ့လား?

အတွဲတွေကြားမှာ အမြဲကြားနေရတာကတော့ “ငါ့ကိုချစ်လား” ဆိုတာပါပဲ။ “ငါသူ့ကိုချစ်ရဲ့လား” ဆိုတဲ့မေးခွန်းတော့ ကိုယ်တိုင်မမေးကြဘူး။
“ငါနင့်ကိုချစ်တယ်” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ အားလုံးဟာ အချစ်ခံခြင်ကြတာပါပဲ။
ကိုယ်က ပေးဆပ်ရင်းချစ်သွားကြဖို့တော့…….
သူက ကိုယ့်ကို ချစ်တယ်မချစ်ဘူး ဆိုတာကို ဘာကြောင့် သင်အရေးလုပ်နေရတာလဲ?
သင့်ကိုသင် သံသယ၀င်နေတာလား? စိုးရိမ်နေတာလား ? ပေးဆပ်ရမှာကို ကြောက်နေလား?
ပေးဆပ်ရမှာ မကြောက်ရင် မေတ္တာစစ်နဲ့ ချစ်လိုက်ပါ။
ကိုယ်ကပေးလိုက်တဲ့ မေတ္တာစစ်ရင် တန်ပြန်တုံ့ပြန်တတ်ပါတယ်။
မေတ္တာစစ်နဲ့ ချစ်နေရင် ပေးဆပ်နေရတယ်လို့ သင်ထင်မှာမဟုတ်ပါဘူး။
ဖူးစာဖက်မဟုတ်မှာ စိုးရိမ်နေလား ?
ဖြူစင်စွာ ချစ်လိုက်ပါ။
အချစ်ကိုလိုချင်လား? အချစ်ဆိုတာ တောင်းဆိုလို့ရနေတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်တိုင်က ချစ်နေရတာပါ။
တကယ် မေတ္တာစစ်နဲ့ချစ်မြတ်နိုးရင် ဘာမှသံသယနှင့် စိုးရိမ်မှုတွေဝင်မနေပါနှင့်။
လူတိုင်းချစ်တတ်ကြပါစေ။
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

No comments:

Post a Comment