Friday, January 15, 2010

တလွဲချစ်

ဘ၀မှာ တွေ့ဆုံလိုက်ခွဲခွါလိုက်….
တွေ့မြင်ရတာတွေ ပျောက်ကွယ်သွားတာတွေ မှတ်မိတာ မေ့သွားတာ အမှတ်တရဖြစ်တာ…
အားလုံးကအတိတ်တွေဖြစ်ကုန်တယ်…
နှုတ်ဆက်စရာမလိုတဲ့သူတွေအများကြီးပါ သွားရာလမ်းလေးခဏတာတူနေလို့ပါ
အမှတ်တမဲ့တွေဟာ အမှတ်တရဖြစ်စေတယ်
ငါတို့တွေဟာလေတိုက်တိုင်းယိမ်းယိုင်နိုင်တဲ့သစ်ရွက်ပမာပါ အထီးကျန်မှုကိုရင်ဆိုင်ရင် ၀မ်းနည်းတယ်
အမှတ်တမဲ့ဆိုတဲ့အတိုင်း ဖန်တီးလို့ရတာမဟုတ်လို့ အလှပဆုံးပါပဲ
အချစ်မှာ တွေးတောမှုတွေ စဉ်းစားမှုတွေမရှိတော့ရင် အချစ်စစ်လား
ဟုတ်မယ်ထင်ပါတယ် နှလုံးသားရဲ့စိုးမိုးမှုကများနေမှသာ အချစ်စစ်လို့ခေါ်နိုင်မယ်
ကြံ့ခိုင်အောင် လုပ်နေရင်းနဲ့ ဒဏ်ရာတွေ အမှတ်တမဲ့ရလာတယ် ရင့်ကျက်လာတယ်
ချစ်ရင်းနဲ့ အကျင့်လိုဖြစ်သွားတယ်
နာကျင်ရင်းနဲ့ ဒဏ်ရာတွေနက်ကုန်တယ်
မုန်းရင်းနဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်ကုန်တယ်
သစ်ရွက်ကလေး လေထဲမှာပျံဝဲနေသလိုနဲ့ မြေပေါ်ကိုဆင်းသက်နေခဲ့တယ်
ခုတော့အားလုံးပြီှးဆုံးကုန်ပြီ
ဘယ်သူဟာဘယ့်သူအတွက် အိပ်မက်တွေပေးနေတာလဲ
ဘယ်သူကဘယ်သူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်တာလဲ
ဒီအတိတ်ထဲက ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေဟာ ငါ့ကိုနာကျင်စေတယ်
အနမ်းနဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကို ဒီအချစ်နဲ့ မြှပ်လိုက်ပါရစေ……
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment