Friday, January 15, 2010

မောပြေလေး

၁--မျှော်လင့်ခြင်းနဲ့ယုံကြည်ခြင်းဆိုတာ အိမ်မြှောင်ရဲ့အမြီးလိုပါပဲ ပြတ်သွားလဲ အမြီးပြန်ထွက်လာတယ်………….

၂--သင်နှစ်သက်တဲ့အလုပ်တစ်ခုမှာကျရှုံးနေပါစေ သင်မနှစ်သက်တဲ့အလုပ်မှာတော့ သင်အောင်မြင်ချင်မှာမဟုတ်ဘူး…..

၃--ပျော်ရွှင်မှုဆိုတာ…
အသက်ရှည်တာမဟုတ်၊ နေ့တိုင်း အသားကြီးငါးကြီးတွေစားနေရတာမဟုတ်ပါ….
သင်ဗိုက်ဆာလို့ စားလိုက်ရရင် သင်ကိုဂရုစိုက်မဲ့သူရှိရင် သင့်ကို မြတ်နိုးတဲ့သူရှိရင်…
သင်ပျော်မှာပါ….ဒါဟာ နေ့စဉ်နေ့တိုင်းက သတိမထားမိလိုက်ပေမဲ့ ပျော်ရွှင်မှုကရှိနေပါတယ်..

၎--အချစ်ဆိုတာ မီးအလင်းရောင်ပါ…
ခင်မင်မှုဆိုတာ အရိပ်လေးပါ။
မီးငြိမ်းသွားတဲ့အချိန်မှာ သင့်ရဲ့အရိပ်ကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။
သူငယ်ချင်းတွေက အားပေးနေမှာပါ။

၅--ငါမင်းကိုချစ်တာ မင်းကဘယ်သူဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ပါဘူး မင်းရှေ့မှာ ငါကဘယ်သူလဲဆိုတာကို သိနိုင်လို့ပါ။

၆--လူတွေက crystal လို အချစ်မျိုးကိုလိုချင်တယ် …. အများစုကတော့ ဖန်ပုလင်းလိုအချစ်မျိုးကိုပဲရတယ်… crystal လိုပဲ ကြည်လင်နေပေမဲ့ ကွဲလွယ်တယ်။

၇--လူတိုင်းမှာ အတိတ်တွေရှိကြတယ်။ တစ်မိနစ်အချိန်ကုန်ခံပြီး လူတယောက်ကို သိကျွမ်းနိုင်တယ်။ အချိန်အနည်းငယ်အတွင်း လူတယောက်ကို နှစ်သက်နိုင်တယ်။ တရက်အတွင်းမှာ လူတယောက်ကို ချစ်နိုင်တယ်။ နောက်ဆုံးတော့ တသက်တာအချိန်နဲ့ လူတယောက်ကို မေ့ရတယ်။

၈--မင်းရှိတဲ့အတွက် ငါ့ကိုမျှော်လင့်ချက်တွေပေးတယ်။ ငါရဲ့မျှော်လင့်ချက်ကတော့ မင်းကိုပျော်အောင်ထားမယ်။

၉--ကောင်မလေးတယောက်ကို ချစ်တယ်။ ချစ်တဲ့အတွက် သူပျော်ရာကို သွားလိုရာကို ခွင့်ပြုတာထက် သူပျော်အောင်ထားဖို့ သင်ကြိုးစားရင် ပိုမကောင်းဘူးလား။

၁၀--အချစ် …မေးခွန်းတွေအရမ်းမများနဲ့ ….များသွားရင် အချစ်လို့မခေါ်ဘူး။ ရင့်ကျတ်တဲ့သူက အတိတ်ကို မမေးဘူး။ ညဏ်ရှိတဲ့သူက လက်ရှိကို မစဉ်းစားဘူး။

၁၁--အော် …. အချစ်…. ကြီးမားလိုက်တာ…. ဘယ်လောက်ကြီးမားလဲဆိုတော့… နစ်နာမှုတွေ၊ ပျော်ရွှင်မှုတွေ ထည့်တာတောင် ထပ်ထည့်လို့ရသေးတယ်။
အချစ်…. သေးငယ်လိုက်တာ…..သေးငယ်တာမှ အသက်ရှူလို့တောင်မရဘူး။ တခဏအတွင်း ပျောက်ကွယ်သွားနိုင်တယ်။
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

No comments:

Post a Comment