Sunday, April 4, 2010

နေရာတခု

နေရာတခု

လွတ်နေတဲ့
အဖြည့်ခံဘ၀လား

ဟာတာတာဖြစ်နေလို့
စမ်းသပ်ခံဘ၀လား

ဗလာမဖြစ်ခံလို့
ပြီးရောဆိုတဲ့ဘ၀လား

အိုင်တွေ့ခြေဆေးတတ်တာ ကျားတို့ရဲ့သဘာဝမှာ
ငါ အိုင်မဟုတ်ဘူး
တွင်းရေကြည်လေးပါ

ခုခေတ်က အ၀ီစိလို့မင်းပြောမှာလား
ဒါလဲ ငါအဖြစ်မခံနိုင်ဘူး
မင်းငါ့အနက်ကို မသိမှာဆိုးလို့ပါ

ငါဖြစ်ချင်တာ
မင်းလိုလားတောင်းတတဲ့ ဘ၀မျိုးပါ
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

မိန်းမနဲ့ယောက်ျားကိုဘယ်လိုရွေးမလဲ

မိန်းမနဲ့ယောက်ျားကိုဘယ်လိုရွေးမလဲ

ဂျီတော့ထဲက စကားလက်ဆုံကျရင်း ဒီလိုမေးခွန်းလေးကိုပြောဖြစ်ခဲ့ကြတယ်။
၁။ မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကိုရွေးရင်ဘယ်လိုရွေးရလဲ
၂။ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကို ဘယ်လိုရွေးရမလဲ
လို့မေးလာတယ်။
ကျွန်မက အချစ်အကြောင်းတွေရေးနေတော့ ချစ်ရင်ပြီးတာပဲလို့ ဖြေတော့ နောက်ထပ်မေးခွန်းကို မေးပြန်တယ်။
“အဲဒီမိန်းမက ဒေါင်ကျကျပြားကျကျလိုက်နိုင်ပါ့မလား။ မိဘတွေဘာတွေပါလာရင်လဲရှိသေးတယ်. အဲဒီအချိန်မှ အချစ်က ပျောက်သွားတတ်တယ်
အဲဒီအချိန်မှာ
အချစ်က အဓိကမဟုတ်ဘူး
ယောင်္ကျားက ရွေးစရာ
၎ ခုရှိတယ်
၁။ ပိုက်ဆံရှိတဲ့မိန်းမ
၂။ ပညာအရမ်းတတ်တဲ့မိန်းမ
၃။ အရမ်းရိုးသားတဲ့မိန်းမ
၎။ သူကိုယ်တိုင်မတော်ပေမယ့် ဘေးကလူကိုတော်အောင်လုပ်ပေးနိုင်တဲ့မိန်းမ
”တဲ့။
ကျွန်မသူ့ကို နံပါတ် ၄ မြောက် သူကိုယ်တိုင်မတော်ပေမယ့် ဘေးကလူကိုတော်အောင်လုပ်ပေးနိုင်တဲ့မိန်းမ ကို ရွေးခိုင်းလိုက်ပါတယ်….

နံပါတ် ၁ ကို ရွေးရင် ပိုက်ဆံရှိတဲ့အတွက် သူကသင့်ကိုအရမ်းနားလည်ပေးပါတယ်ဆိုပြီး ရွေးချယ်လိုက်မယ်။ ဥပမာအနေနဲ့ပြောရရင် သူမ သွားနေကျ စားသောက်ဆိုင်ထဲဝင်မယ် အတူစားပြီးတဲ့အချိန် သူမ ရဲ့ ပိုက်ဆံအိတ်ကို သင့်ကိုခိုးပေးတာကို သင်လက်ခံနိုင်လား။ သူမရော သင်စားနေတဲ့ ဆိုင်ကို လိုက်စားနိုင်လား။ ပိုက်ဆံရှိတယ်ဆိုပြီး ယောက်ျားကို ယောက်ျားလို့မသတ်မှတ်ဘူးလား။ ဒါဆိုရင် သင့်မိဘကို သင့်ငဲ့ကြည့်ပေးမှာမဟုတ်ပါဘူး။ သင့်ဘက်ကအများကြီး စဉ်းစားရသလို သူမ ဘက်ကလည်း တော်တော်စဉ်းစားရမယ်။

နံပါတ် ၂ ကိုရွေးမယ်ဆိုရင် သင်သူ့နောက်ကနေ အမြဲနေနေရမှာသေချာနေပါတယ်။ သင့်မှာ ကြီးမားတဲ့ ယောက်ျားမာနတွေကို အောက်ချရမယ်။ လွင့်ပစ်လိုက်ရမယ် လို့ပြောရင် ပိုကောင်းမယ်ထင်တယ်။ သူမကတော့ အမြဲ ရှေ့ဆောင်လမ်းပြသွားနေမှာ။ သင်တကောက်ကောက်လိုက်နိုင်လား။ သူမမှာ ကြင်နာတဲ့ယုယမှုတွေဆိုတာ မရှိတော့တာကို သင်လက်ခံထားရမယ်။ တနည်းပြောရရင် super woman ပေါ့ကွယ်။ ဒီလို လုပ်ရည်ကိုင်ရည်ရှိတဲ့ မိန်းမတွေရဲ့ယောက်ျားတွေက သူတို့ကို ကြင်နာတတ်တဲ့ နောက်တစ်ယောက် ရှိသွားကြတဲ့ ဖြစ်နိုင်ချေများပါတယ်။

နံပါတ် ၃ ကို ရွေးမယ်ဆို ရင် ဘာပြောရမှန်းမသိလို့…. နံပါတ် ၄ နဲ့ နှိုင်းယှဉ်ချင်ပါတယ်။ နံပါတ် ၃ ကို ရွေးရင်တော့ သာမန်တဲ့ ဘ၀ကို ရရှိမှာပါ။ တခုတော့ ရဲရင့်စွာဆုံးဖြတ်ချထားဖို့လိုမယ်။ သူမ က ရိုးရှင်းလွန်းတဲ့အတွက်ကြောင့် သင့် အလုပ်တွေကို ကူညီနိုင်မျာမဟုတ်သလို သင် တနေ့တခြား ရိုးအီလာသလိုဖြစ်လာမှာပါ။ သင်မြတ်နိုးတာ သူမရဲ့ ရိုးရှင်းတဲ့ဘ၀ဆိုရင်တော့ ကျွန်မ မတားပါဘူး။

ကျွန်မရွေးခိုင်းတဲ့ နံပါတ် ၄ ကိုပြောရရင်…. ဖိအားတွေမများပဲ အောင်မြင်မှုကိုမြန်မြန်လှမ်းနိုင်သလို ပြောစရာမရှိတဲ့ သာယာတဲ့ အိမ်ထောင်တခုကို သူမဖန်တီးပေးထားမှာပါ။ အလုပ်တွေကို ၀ိုင်းကူလုပ်ပေးနိုင်တဲ့အသိညဏ် ဖေးမကူညီမှု အဆင်သင့် မိခင်သဖွယ်လို စောင့်ရှောက်မှု မယားသဖွယ်လို ကြင်နာမှု နှမသဖွယ်လို အားကိုးမှု သမီးသဖွယ်လို မှီခိုမှု အတွင်းရေးမှုးတစ်ယောက်လို စီစဉ်ပေးမှု ဆရာမသဖွယ် ဆုံးမပေးမှု သူငယ်ချင်းသဖွယ် ပျော်ရွှင်လွတ်လပ်မှု တွေကို ပေးနေမှာပါ။ ဒါကို တရုတ်စကားပုံတခုအနေနဲ့ရပ်တည်နေပါတယ်။ “အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ လိမ္မာပါးနပ်တဲ့ ဇနီးကောင်းတစ်ယောက်ရှိတယ်” ဆိုတဲ့ စကားလေးပါပဲ။ ကျွန်မအနေနဲ့တော့ သူ့ကို ဒီလိုပြန်ဖြေပေးလိုက်ပါတယ်။

ဒါကတော့ ကျွန်မအမြင်နဲ့ဖြေထားတဲ့အဖြေလေးပါ။ စာဖတ်သူတို့တွေလဲ မေးချင်သိချင်ကြမယ်အထင်နဲ့ ဝေမျှလိုက်ပါတယ်။ မျှတစွာသုံးသပ်နိုင်ပါစေ။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

မလိုချင်သောတမ်းတမှု

မလိုချင်သောတမ်းတမှု

အချစ်................ ပူလောင်မှုတွေကိုပေးတယ် မျက်ရည်တွေကို ကျစေတယ်လို့ စကားလုံးတွေကို သီကုံးဖွဲ့နွဲ့ခဲ့တယ်။
မသိတတ်အရွယ် မှ သိတတ်တဲ့အရွယ်အထိ တမ်းတမျှော်လင့်ခဲ့တယ်။
တကယ်တော့ ဒီအချစ်ကြောင့် ဘယ်လောက် ဒဏ်ရာတွေများနေပါစေ ဆက်ချစ်ဖို့ ထပ်ချစ်ဖို့ မတွန့်တိုခဲ့ဘူး။
ဒါကို မလိုချင်သောတမ်းတမှုလို့ပြောရင် မှားမယ်မထင်ပါဘူး။
လူတိုင်း စဉ်းစားတွေဝေခဲ့မယ်ထင်ပါတယ်။
ကျစင်းသွားတဲ့ မျက်ရည်ကို သုတ်ပေးဖို့ အကြင်နာ လက်ကိုစောင့်မျှော်နေသလား။ ပူလောင်နေတဲ့ မီးတောက်ထဲကနေ အေးမြတဲ့ ရေချမ်းကို တမ်းတနေမိသလား။
မလိုချင်ပေမဲ့ တမ်းတနေမိပါတယ်။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

Friday, April 2, 2010

အနီးဆုံးမျဉ်းပြိုင်

အနီးဆုံးမျဉ်းပြိုင်

တွေးတွေးမတွေးတွေး
ငါ့အတွေးမှာ
မင်းပုံရိပ်တွေ ၀င်ရောက်လာတယ်

စိုးမိုးနိုင်လွန်းတဲ့မင်း
ငါ့ဝေဒနာဟာ ကမ္ဘာကြီးနဲ့ယှဉ်ရင် ပြားပြားလေးပါ

ရာဇ၀င်တွင်စေမဲ့ အချစ်မျိုးလိုချင်တာလား
ဖြူစင်တဲ့အချစ်မျိုးနဲ့ ပေးဆပ်နေတာပါ

မင်းပြောတဲ့ အနီးဆုံးမျဉ်းပြိုင်လား
မင်းဒီအတိုင်းဆက်သွားပါ
ငါလမ်းကြောင်းပြောင်းလိုက်ပါ့မယ်

ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

Thursday, April 1, 2010

APRIL FOOL

APRIL FOOL

April fool တဲ့
ဒီလိုနေ့ကို
ငါစနောက်ဖို့ ငါမေ့နေတယ်

တချိန်က
ဒီလိုနေ့ကို
ငါကပဲ အရူးလုပ်ခဲ့တယ်

ဒီနှစ်က
ဒီလိုနေ့မှာ
ငါ့ကိုလောကကြီးက အရူးလုပ်သွားတယ်

ငါ့မှာ
ဒီလိုနေ့မှာ
လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့်ပေးဆပ်နေရတာလား

ဒီလိုနဲ့
ဒီလိုနေ့မှာ
ပုလဲမျက်ရည်စက်နဲ့ ကဗျာကိုသီကုံးပါရစေ...

ရေးသားသူ-နိုဝင်ဘာပုလဲ

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

Tuesday, March 30, 2010

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

ကယ်…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ။ လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ရဲ့ကြောချင်းကြောထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်။ ကျန်တဲ့လက်ချောင်းများက ထိပ်ချင်းထိပ်ထိနေပါစေ။
ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။
လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ။ လက်မဆိုတာ မိဘကိုဆိုလိုတာပါ။ လက်မကိုခွါလို့ ရပါတယ်။ လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ် ဒါကြောင့် ခွါလို့ရတာပါ။
နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ခွါကြည့်ပါ။ လက်ညှိုးကတော့ ညီအကိုမောင်နှမပါ။ သူတို့တွေလည်းကိုယ့်အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။
နောက်လက်ညှိုးကိုထိပ်တွေပြန်ထိထားပြီး လက်သန်းလေးကို ထပ်ခွါကြည့်ပါ။ ဒါကတော့ သားသမီးတွေပါ။ သူတို့လည်း ခွဲခွါကြမှာပါ။
ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ။ ခွါလို့မရပါဘူး။ ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပါ။ ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။ ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကကော ဆေးပညာကသတ်မှတ်ထားတာလား။ တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။
ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

Sunday, March 28, 2010

မင်း

မင်း
မင်းရဲ့ကိစ္စ ငါတွေးလို့ပူတယ်
မင်းရဲ့သတင်း ငါ့ကိုနွေးထွေးတယ်
မင်းရဲ့အပြုံး ရင်ကိုအေးမြစေတယ်
မင်းရဲ့မျက်နှာ စိတ်ကိုအေးချမ်းစေတယ်
မင်းရဲ့နှလုံး ချစ်ခြင်းမေတ္တာတွေရှိတယ်
မင်းရဲ့ဆုံးဖြတ်ချက် ငါ့ကိုမထိခိုက်စေဘူး
မင်းရဲ့အပြုအမှု ငါ့ကိုစွဲဆောင်တယ်
မင်းရဲ့ပုံပြင် ငါ့ကိုခံစားစေတယ်
မင်းရဲ့အတိတ် ငါ့နှလုံးသားမှာအမြဲသိမ်းထားမယ်
မင်းရဲ့အနမ်း ရင်ထဲကိုစွဲလန်းစေတယ်
မင်းရဲ့ယုယမှု တလောကလုံးကို ငြိမ်းချမ်းစေတယ်
မင်းရဲ့အကြင်နာ ငါ့ကမ္ဘာအတွက် အစစ်တောင်းစရာမရှိ
မင်းရဲ့မေတ္တာ ငါ့ရင်ကိုနွေးထွေးစေတယ်
မင်းရဲ့နေ့ရက် ငါတို့အတူအမြဲရှိမယ်