ကောင်လေးတစ်ယောက် ကကောင်မလေးတစ်ယောက်ကို အရမ်းသဘောကျနေတာကို အားလုံးကသိကြတယ်….ကောင်မလေးအပါအ၀င်ပေါ့……
ကောင်လေးဟာ တိတ်တခိုးနဲ့ ကောင်မလေးအတွက်ပေးဆပ်ချင်တယ်…..
သူ့ရဲ့အချစ်စစ်ကို ကောင်မလေးနားလည်လာတဲ့အထိပေါ့…..
ကောင်လေးမှာ ကောင်မလေးချက်ခြင်းကြိုက်နိုင်လောက်တဲ့ အရည်အချင်းမရှိပါဘူး……
ကြယ်တွေလင်းလက် နေတဲ့ ညတစ်ညမှာ ကောင်လေးကကောင်မလေးကို လမ်းလျှောက်ထွက်ဖို့ ချိန်းလိုက်တယ်….. ကောင်လေးရဲ့သဘောထားကိုလည်း ပြောလိုက်တယ်….. ကောင်မလေးကတော့ တုန့်ပြန်မှု ဘာမှမရှိဘူး…. “နင်လက်မခံနိုင်မှန်း ငါသိပါတယ်….” အဲဒီချိန်မှာ ကောင်မလေးက “လှလိုက်တဲ့လမင်းကြီးနော်၊ သဘောကြလိုက်တာ” …လို့ဆိုတော့… ကောင်လေးက “နင်လမင်းကသဘောကြရင်၊ငါကြယ်စင်တွေကိုသဘောကြမယ်”……..“ဘာလို့လဲ”…..
“နင်သာလမင်းဖြစ်မယ်ဆိုရင်၊ ငါကကြယ်စင်ပေါ့။ ကြယ်စင်တွေ ကြားမှာ လမင်းဟာ ထွန်းလင်းတောက်ပနေပြီး……ကြယ်စင်ကတော့ ပြိုးပြိုးပျက်ပျက်ပဲ လင်းလက်နိုင်တယ်…..”
ကောင်မလေးကကောင်လေးကို “နင်ငါ့ကိုချစ်တာတကယ်လား”
ကောင်လေး “အင်”
“တနေ့ ငါပြောင်းလဲသွားရင်ကော နင်ဆက်ချစ်နေအုန်းမှာလား”
ကောင်လေးက မိုးကောင်းကင်ကြီးကို ကြည့်ပြီး “လမင်းအတိုင်းပဲလေ…လဆန်း၊ လဆုတ်၊ လပြည့် တိုင်းမှာ ကြယ်စင်ကလမင်းဘေးနားရှိသလိုပေါ့……..လမင်းအတွက် ကြယ်စင်ကတော့ လင်းလက်နေမှာပါ… ထာဝရပေါ့….”
“ဒါဆို နင်ဘာလို့ ငါ့ကိုသဘောကျရတာလဲ”
နင်စဉ်းစားကြည့်ပေါ့….ကောင်းကင်မှာ ရေတွက်လို့မရနိုင်တဲ့ ကြယ်စင်တွေရှိတယ်…. လမင်းကတစ်စင်းပဲ ငါ ရင်ထဲမှာလဲ နင်တစ်ယောက်တည်းပါ…….”
ရေးသားသူ-novemberpearl(နိုဝင်ဘာပုလဲ)
Friday, January 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment