Sunday, March 28, 2010

Right time right person

Right time right person

ကောင်မလေးတစ်ယောက် ခက်မိုက်မိုက်ကောင်လေးတစ်ယောက်ကို ကြိုက်သွားတယ်။

ကောင်လေးကို ဖွင့်ပြောတော့ ကောင်လေးက “ငါမင်းကို နည်းနည်းမှစိတ်မ၀င်စားဘူး” လို့ဖြေတယ်။

“ မင်းကို စကားပြန်မပြောရင် ငါက ရုပ်ရည်ကြည့်ပြီး မင်းကို ရက်စက်ရာကြမယ်။ ဒါပေမဲ့ မင်းငါ့ကို ဆက်ကြိုက်နေမယ်ဆိုရင် ငါအခက်တွေ့ပြီ။ ဒါကြောင့် ငါရှေ့ကို မလာပါနဲ့တော့” လို့ထပ်ပြောတော့ ကောင်မလေး အရမ်းဝမ်းနည်းသွားတယ်။ အိမ်ပြန်လမ်းက တံတားတစ်ခုမှာ တံတားစောင့်နတ်ကို ကောင်မလေး ဆုတောင်းလိုက်တယ်။ သူ့ကို ရုပ်ရည်ချောမောလှပတဲ့ မိန်းကလေးအဖြစ်ပေါ့။

ချောမှသာလျှင် ကောင်လေးကို သူစွဲဆောင်နိုင်တော့မှာပါ။

မထင်မှတ်ပဲ တံတားစောင့်နတ် ကိုယ်ယောင်ပြပြီး လိုအင်ကို ဖြည့်ဆည်းပေးခဲ့တယ်။

ဒုတိယရက်မှာ ကောင်လေးသူ့ကိုချစ်ခွင့်လာပန်တဲ့အပြင် အရင်က သူ့ရည်းစားကိုလဲ လမ်းခွဲလိုက်တယ်။ ကောင်လေးက သူမကို တစ်သက်လုံး ထာဝရချစ်သွားမယ်လို့ ကတိတည်တယ်။ ဒါကောင်မလေး အလိုချင်ဆုံး အကြားချင်ဆုံးစကားပါပဲ။ ကောင်မလေး တွေဝေနေတယ်။ စဉ်းစားပါရစေ ဆိုပြီး တံတားဆီထွက်လာခဲ့တယ်။

တံတားစောင့်နတ်ကို မေးတယ်
သူ့အလှတွေပျောက်မှာလား

မပျောက်ဘူးလို့ တံတားစောင့်နတ်ဖြေတယ်။

ကောင်လေးသူ့ကိုတစ်သက်လုံးချစ်မှာလားလို့ မေးပြန်တယ်။

ချစ်မှာ လို့ ပြန်ဖြေတယ်။

ဒါဆို ကျွန်မ သူ့ကို တစ်သက်လုံးချစ်သွားမှာလား လို့ တံတားစောင့်နတ်ကိုမေးတယ်။

မသိဘူး လို့ တံတားစောင့်နတ်ဖြေတယ်။

ဒီလိုနဲ့ ကောင်မလေး ကောင်လေးနဲ့ လက်မတွဲခဲ့ပါဘူး။

ပုံပြင်လေးကတော့ ဒီလိုပါပဲ။
ဒီနေရာမှာ ကောင်လေး ကောင်မလေးရယ်လို့ မခွဲခြားပဲ ပြောချင်ပါတယ်။
အများစုက ချောတာ မိုက်တာတွေ့ရင် ရင်ခုန်ချင်ကြတယ်။ ချစ်ချင်ကြတယ်။ ဒါလဲ လူ့သဘော လူ့ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကိုမှ မပိုင်ရင် တခြားသူရဲ့စိတ်ကို ဘယ်လိုပိုင်မှာလဲ။ ကောင်လေးကို သူမတသက်လုံးချစ်နိုင်မှာလားလို့မေးတဲ့မေးခွန်းက ကိုယ့်ကို ယုံကြည်ချက်မရှိတဲ့သူက တခြားတယောက်ဆီက ယုံကြည်မှုကို ရနိုင်မှာလား။ ရှိပြီးသား ပိုင်ဆိုင်ထားတာကိုမှ မသိရင် မရှိသေးတဲ့အရာဆိုတာ သင်သိနိုင်မှာလား။ သင်မြတ်နိုးနိုင်မှာလား။ သေချာစဉ်းစားရင် မှန်လွန်းလို့ မသိချင်သလို ဖြစ်ကုန်တယ်။

Right time right person တစ်သက်တာလုံးအတွက် ပျော်ရွှင်ကြည်နူးမှု

Right time wrong person နာကျင်မှု

Wrong time wrong person တွေဝေမှု

Wrong time right person မှားယွင်းမှု

စာဖတ်သူ သင်အခု ပျော်ရွှင်နေပြီလား။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl


နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment