Thursday, March 18, 2010

နှစ်ယောက်လုံးနဲ့သက်ဆိုင်ပါတယ်(သင့်ကောင်လေးအတွက်)

နှစ်ယောက်လုံးနဲ့သက်ဆိုင်ပါတယ်(သင့်ကောင်လေးအတွက်)

သူသင့်လက်ကိုဆွဲပြီး စကားမပြောတမ်းလမ်းလျှောက်သွားနေတယ်ဆိုတာ သင်ကသူ့ရဲ့ချစ်သူပါလို့ ကောင်လေးတွေအားလုံးကိုပြောပြနေတာပါ….

အကြောင်းမရှိအကြောင်းရှာပြီး ဖုန်းဆက်လိုက် မက်ဆေ့စ်ပို့လိုက် လုပ်နေတာဟာ သင့်ရဲ့ဂရုစိုက်မှုကိုလိုချင်တာပါ….

သူကသင့်သူငယ်ချင်းရှေ့မှာ သင့်ကိုချစ်ပါတယ်လို့ ၀န်မလေးစွာနဲ့ ဖော်ပြတာ သင့်ကိုတကယ်ချစ်လို့ပါ

ကောင်လေးတိုင်းကတော့ ချောတဲ့ကောင်မလေးကိုတွေ့ရင် ကြည့်တတ်ကြပါတယ် ဒါပေမဲ့ ၃စက္ကန့်ထက်ပိုပြီးကြည့်တာ သင်ကလွဲလို့ မရှိပါဘူး။

သင့်အတွက် ပင်ပန်းခံမယ် အလုပ်ရှုပ်ခံမယ် သင်ဖြစ်ချင်တာကို ဖြည့်ဆည်းပေးမယ် သင်သွားချင်တာကို လိုက်ပို့ပေးမယ်….

ဒီလိုကောင်လေးတစ်ယောက် သင့်အနားမှာရှိနေရင်တော့ လေးလေးနက်နက်ချစ်လိုက်ပါ… သင်က ဘယ်လောက် ထူးချွန်တဲ့သူဖြစ်နေပါစေ ဘယ်လောက်လှနေပါစေ အိမ်အခြေအနေဘယ်လောက်သာနေပါစေ သင့်ကိုချစ်ခင်မြတ်နိုးတဲ့သူဘယ်လောက်များနေပါစေ သင်ချစ်ရမှာ သူ့တစ်ယောက်ကိုပါ။

တနေ့တာမှာ အဆင်မပြေမှုတွေတော့ ရှိမှာပဲ ဒါပေမဲ့ သူဖုန်းဆက်လာရင် အော်မပြောလိုက်ပါနဲ့။

သူအလုပ်ရှုပ်တာကိုသိရက်နဲ့ သင်သူ့ကိုသတိရပါတယ်ဆိုပြီး ဖုန်းမဆက်ပါနဲ့။

သူ့ကိုလွမ်းတယ် သတိရပါတယ် ဆိုတာကို သင့်တနေ့တာနဲ့ မဖြုန်းတီးလိုက်ပါနဲ့။

တခြားယောက်ျားလေးတွေနဲ့ အရမ်းမရင်းနှီးပါနဲ့ သူမျက်ကွယ်မမြင်ရာမှာဖြစ်စေ စောင့်ထိန်းပါ။

သင်ဘယ်လောက် စိတ်ညစ် စိတ်ကောက်နေပါစေ ဖုန်းမချလိုက်ပါနဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်ပျက်ခြင်းဆိုတာ သူ့ကောင်မလေးကို ရှာမရတာပါ။

သူကပဲပေးဆပ်နေတာကို သင်အမြဲမမျှော်လင့်ပါနဲ့ သင့်လိုပဲ သူမျှော်လင့်နေပါတယ်။ ဒါကြောင့် သင်ဘက်ကနေ အကြွင်းမဲ့ပေးဆပ်ပါ။ ဒီနေရာမှာ မာနနဲ့ ငါဟာမိန်းကလေးတစ်ယောက်ပါဆိုတာကိုမေ့လိုက်ပါ။

သူပေးဆပ်နေတာကို သိခဲ့ရင် သူ့ကိုအသိအမှတ်ပြုပေးပါ။

တခြားသူတစ်ယောက်ရဲ့ရှေ့မှာ သူ့ရဲ့အားနည်းချက်ကို မပြောပါနဲ့။ ရီစရာအနေနဲ့လဲမပြောပါနဲ့။

သူ့ကို သူ့သူငယ်ချင်းတွေရှေ့မှာ ပြန်မပြောပါနဲ့။ ပြန်မအော်ပါနဲ့။ သူတို့အတွက် သူ့မှာ မာနရှိပါတယ်။

သင်ကအလုပ်သိပ်ရှုပ်တယ်ဆိုပြီး စာမပြန် ဖုန်းမကိုင် မလုပ်ပါနဲ့။ ဘာလို့လဲဆို သူဒီလို တစ်ခါမှ သင့်ကိုမလုပ်ဖူးဘူးလေ။

သူ့ကိုသံသယမ၀င်ပါနဲ့။

သင်အမြဲတမ်း သူ့ကို အပြုံးနဲ့ ရင်ဆိုင်ပါ သင်ဘယ်လောက် စိတ်ထိခိုက်ခံစားနေပါစေ။ သင့်အပြုံးဟာ သူ့အတွက် အားဖြစ်စေတာကို သင်လုံးဝသိမှာမဟုတ်ဘူး။

သူနာကျင်ခံစားရလို့ ကျရှုံးနေတဲ့အချိန်မှာ သင့်ရဲ့ကျဉ်းမြောင်းလှတဲ့ ပခုံးလေးကို ငှားပေးပါ။ သူကျရှုံးချိန်မှာ သင့်ကိုအလိုအပ်ဆုံးပါ။ သူ့ကိုအားပေးနှစ်သိမ့်ပါ။ ဒါမှမဟုတ် ဘာမှမပြောပဲ သူအနားမှာ တိတ်ဆိတ်ငြိမ်သက်စွာနေပေးလိုက်ပါ။

အရေးကြီးတဲ့ နေ့ထူးနေ့မြတ်တွေမှာ သင်သတိတရနေပါ။ မမေ့ပါနဲ့။

သူ့နှစ်သက်တဲ့ ၀ါသနာပါတဲ့ အားကစားကို သင်စိတ်ဝင်စားပေးပါ။ သင်ကစားတာမတော်ချင်နေပါ။ ဥပမာနဲ့ပြောရင် ဂိမ်းကိုကျွမ်းကျင်စွာမကစားတတ်ချင်နေပါစေ ဆော့တတ်နေပါစေ။

သူစိတ်ညစ်လို့ဖုန်းဆက်တဲ့အခါ သူပြောတာတွေကို စိတ်ရှည်စွာနားထောင်ပေးပါ။

သူပြောတဲ့စကားတွေကို ယုံပါ တခြားသူမယုံချင်နေပါစေ။

သူ့အပေါ် ချွဲနွှဲ့တတ်ပါစေ တချိန်တည်းမှာလဲ ကိုယ့်အမှားအတွက် တောင်းပန်တတ်ပါစေ။

မလိမ်ပါနဲ့။ သူသင့်ကိုတကယ်ချစ်ရင် သင့်ကို ခွင့်လွတ်လိမ့်မယ်။ လိမ်တာကလွဲလို့ပေါ့။

အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ လှနေအောင်နေပါ သူမမြင်နေသည်ဖြစ်စေပေါ့ သူ့ကောင်မလေးဆိုတော့ သူ့အတွက် စဉ်းစားပေးဖို့လိုတယ်။

သူနှစ်သက်တဲ့ပုံစံမျိုးနဲ့ သူ့ကိုချစ်ပါ။ မချုပ်ခြယ်ပါနဲ့။

အချစ်ဆိုတာ နှစ်ယောက်လုံးနဲ့သက်ဆိုင်ပါတယ်။
သင်သူ့ကိုမချစ်ရင် လက်လွတ်လိုက်ပါ။ သင်တို့နှစ်ယောက်လုံးအတွက် လမ်းဖွင့်ပေးလိုက်ပါ။
သူ့ကိုသင်တကယ်ချစ်တယ်ဆိုရင် မြတ်နိုးပါ စောင့်စားပါ မျှော်လင့်ပါ ချစ်ပါ…..
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl


နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment