Thursday, March 18, 2010

ဆုံးရှုံးသွားမှသိတယ်

ဆုံးရှုံးသွားမှသိတယ်
လူတွေ..
ဘာလို့များ ရှိနေချိန် ပိုင်ဆိုင်နေချိန်မှာ အရေးမလုပ်နိုင်။
ဆုံးရှုံးခြင်းနဲ့ ပိုင်ဆိုင်ခြင်းကို ဆုံးရှုံးသွားမှသိကြတယ်။
ပိုင်ဆိုင်နေတာကို သိရက်နဲ့ မသိလိုက်ချိန်အတွင်းမှာ ရုတ်တရက် ဆုံးရှုံးသွားတော့ စိတ်ထဲမှာ တသသနဲ့ ကျန်နေခဲ့တယ်။ ရင်ထဲလွတ်လွတ်ကြီးဖြစ်နေတယ်။ ဘာလိုနေမှန်းမသိဖြစ်လာတယ်။ အလိုမကျတာများလာတယ်။
သာမာန်ရိုးကျတဲ့ ဘ၀ထဲက ပိုင်ဆိုင်နေတဲ့အရာကို လက်တွေ့ဆန်ဆန်မြတ်နိုးတတ်လာတယ်။ သာမာန်လွန်းတော့ သတိမထားမိဘူး။ တနေ့မှာ ဆုံးရှုံးသွားမှ ကိုယ့်အတွက် ဒီသာမာန်ရိုးကျဖြစ်နေတာက ကိုယ့်အတွက်ဘယ်လောက်အရေးကြီးမှန်းသိလာတယ်။ ကျွန်မ `နောင်တ´ ဆိုတဲ့ စကားလုံးနှစ်လုံးကို သိပ်မုန်းတယ်။ ဒါကြောင့် ကျွန်မအမြဲပြောဖြစ်တာက ကျွန်မမလုပ်မိခဲ့လိုက်တာကိုပဲ နောင်တရတာ ဒါကြောင့် နောင်တမရအောင် ငါလုပ်မယ်။
တစ်ခါတစ်လေ `နှမျောလိုက်တာ´ ဆိုပြီး စိတ်ထဲမှာ နောင်တရနေမိတယ်။ ဒါဟာ တော်တော်လေးကို နောင်တရနေတာပါ။
တကယ်လို့ အခွင့်အရေးရှိခဲ့ရင် အစကနေပြန်စချင်တယ်။ အချိန်တွေကို ပြန်နောက်ဆုတ်ချင်တယ်။
ဒါ မဖြစ်နိုင်တော့တဲ့အရာပါ။
မဖြစ်နိုင်မှန်းသိပါရက်နဲ့ အစကနေပြန်မစနိုင်မှန်းသိရက်နဲ့ မထားခဲ့နိုင်ကြဘူး။
မထားခဲ့နိုင်ဘူးဆိုရင် သာမာန်ကိုယ့်ဘ၀ထဲမှာ ရှိပြီး ပိုင်ဆိုင်ပြီးတဲ့ အရာတွေ ဘေးနားမှာရှိတဲ့ သူတွေကို အတွေးလေးထဲထည့်နိုင်ကြပါစေ။
ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment