Wednesday, March 17, 2010

ငါ အ တယ်

ငါ အ တယ်
မင်းဆိုးသမျှတွေကိုအားလုံးသိခဲ့တယ်
ငါ့အတွက် mr.right တွေ့ပြီလို့ထင်ခဲ့တယ်
အသဲကွဲဇာတ်လမ်းတွေ ငါနဲ့ မဆိုင်တော့ဘူး
ဘာလို့ ငါ အသဲကွဲဇာတ်လမ်းတွေပဲ ရေးနေရတာလဲ
ငါ အ တယ်ဆိုပေမဲ့ အကောင်းဆုံးအချစ်ကိုပေးဆပ်ခဲ့တယ်
မင်း သာ ရာကိုရွေးမယ်ဆိုလဲ ငါအရင်နေရာမှာစောင့်နေခဲ့တယ်
ငါ့အတွက် စကားတစ်ခွန်းပဲလိုတယ်
ဒီစကားတစ်ခွန်းကို မင်းမပေးနိုင်ခဲ့ဘူး
ငါအသက်ရှင်ဖို့ အချစ်တွေ မင်းပေးနိုင်သေးလား
မိုက်မဲစွာနဲ့ ချစ်တဲ့ မင်းရဲ့အချစ်မှာ သတ္တိတွေအများကြီးလျော့နေသေးတယ်
ဖြူစင်တဲ့ ငါ့အချစ်မှာ မင်းလက်လေးနဲ့ ငါ့ကိုခေါ်ဆောင်သွားဖို့လိုနေသေးတယ်
ငါ့ကမ္ဘာကို ငါစောက်ထိုးမိုးမျှော်လုပ်ပြီး ငါ ချစ်မိခဲ့တယ်
ဒါ အ တယ်ပေါ့လေ……………..
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl


နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment