Sunday, March 28, 2010

မင်း

မင်း
မင်းရဲ့ကိစ္စ ငါတွေးလို့ပူတယ်
မင်းရဲ့သတင်း ငါ့ကိုနွေးထွေးတယ်
မင်းရဲ့အပြုံး ရင်ကိုအေးမြစေတယ်
မင်းရဲ့မျက်နှာ စိတ်ကိုအေးချမ်းစေတယ်
မင်းရဲ့နှလုံး ချစ်ခြင်းမေတ္တာတွေရှိတယ်
မင်းရဲ့ဆုံးဖြတ်ချက် ငါ့ကိုမထိခိုက်စေဘူး
မင်းရဲ့အပြုအမှု ငါ့ကိုစွဲဆောင်တယ်
မင်းရဲ့ပုံပြင် ငါ့ကိုခံစားစေတယ်
မင်းရဲ့အတိတ် ငါ့နှလုံးသားမှာအမြဲသိမ်းထားမယ်
မင်းရဲ့အနမ်း ရင်ထဲကိုစွဲလန်းစေတယ်
မင်းရဲ့ယုယမှု တလောကလုံးကို ငြိမ်းချမ်းစေတယ်
မင်းရဲ့အကြင်နာ ငါ့ကမ္ဘာအတွက် အစစ်တောင်းစရာမရှိ
မင်းရဲ့မေတ္တာ ငါ့ရင်ကိုနွေးထွေးစေတယ်
မင်းရဲ့နေ့ရက် ငါတို့အတူအမြဲရှိမယ်
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment