Sunday, March 28, 2010

အချိန်မလွန်ခင်

အချိန်မလွန်ခင်

ချစ်သူ………..
ငါကတော့ အထီးကျန်တဲ့ နံရံလေးမှာတွယ်ကပ်နေတယ်

မြတ်နိုးဖို့မသိခင်မှာ ဆုံးရှုံးသွားကြတယ်
ငါကတော့ မြတ်နိုးတာတောင် ဆုံးရှုံးတာ ဘာကြောင့်လဲ
လူတွေကပြောတယ် ဒါဘ၀တဲ့
ဆုံးရှုံးမှုထဲကနေ နားလည်သဘောပေါက်ဖို့ပဲလိုတယ်တဲ့
ငါပြောမယ် ဆုံးရှုံးမှုရဲ့ခံစားချက်ကိုသိလို့ ငါမြတ်နိုးခဲ့တာပါ

မျက်ရည်ကိုထိန်းထားဖို့မဖြစ်နိုင်ဘူး
ကမ္ဘာကြီးလည်နေတာကို ရပ်တန့်ဖို့ ငါမပြောဘူး
မင်းငါ့အနားကနေ မထွက်ခွါဖို့ပဲ ငါတောင်းဆိုတာပါ
ဒါဖြစ်နိုင်ပါ့မလား
မေ့မရတဲ့ ငါတို့ရဲ့အတိတ်တွေစဉ်းစားရင်း
ငါနားနံဘေးမှာ အသက်ရှူနေတဲ့ အသံကို ငါကြားယောင်နေတယ်
ငါ့မှာလွမ်းဆွေးတဲ့ရောဂါရနေတယ်
ကုလို့ရမယ်မထင်တော့ဘူး

မင်းဘာလုပ်သင့်တယ်ဆိုတာ ဘာအတိုင်းအတာနဲ့ပြောတယ်ငါမသိ
ဒါပေမဲ့ မင်းမလုပ်သင့်တာကို မင်းစဉ်းစားမိခဲ့လား
ဒါကံတရားလား
အသဲကွဲစေဖို့ ကံတရားလား
ဒါဆိုရင် မင်းဒီမေ့မရတဲ့အတိတ်မှာပဲ ငါ့ကိုထားခဲ့တော့မှာလား…………….
မင်းငါ့ကိုချစ်တယ်လို့မပြောတာ ဘယ်လောက်ကြာပြီလဲ
မင်းငါ့ကိုသတိရတယ်လို့မပြောတာ ဘယ်လောက်ကြာပြီလဲ
အချစ်ကလွဲလို့ ဒီကမ္ဘာကိုဆေးရောင်ခြယ်နိုင်သေးလား
အားလုံးအချိန်မှီသေးတယ်
ခွဲခွါရမယ်ဆိုတဲ့ကံတရားကို မယုံပါနဲ့
မင်းခြေလှမ်းအတိုင်းလျှောက်ပါ
ရင်နာမှုတွေမဖြစ်ခင်လေးမှာ
အားလုံးဟာ အဆင်ပြေသွားမှာပါ
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl


နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment