Thursday, March 18, 2010

ဖုန်းအရင်ချပါ

ဖုန်းအရင်ချပါ
ကျောင်းတွေပြီးတော့ နယ်ခြားမှာအလုပ်သွားလုပ်တဲ့ ကောင်မလေးက သူ့ကောင်လေးကိုနှုတ်ဆက်တယ်….
ကောင်လေးက ကောင်မလေးရဲ့ဇာတိမြို့ကိုသွားမယ်…. ကောင်လေးက `ငါသွားမဲ့နေရာက အချောအလှတွေများတယ် ငါ့အတွက်အဆင်ပြေတယ်´လို့ပြောတော့ ကောင်မလေးက နှုတ်ခမ်းလေးကို ဆူပြီး `ငါနင့်ကိုခွဲခွါရင်တောင် နင်ငါ့ကိုပဲချစ်ရမယ် တခြားမိန်းကလေးကို မရှာရဘူး´
ကောင်မလေးရဲ့နဖူးကိုနမ်းလိုက်တယ် `အရူး ဘယ်သူကနင့်ကိုထားခဲ့မယ်လို့ပြောတုန်း´
သူတို့နှစ်ယောက် ဒီလိုနဲ့တယောက်ကိုတယောက်ယုယတဲ့ပွေ့ဖက်မှုနဲ့ နှုတ်ဆက်တယ်….
သူတို့တွေ ဖုန်းဆက်လိုက် massage ပို့လိုက် မေးလ်ပို့လိုက် နဲ့ ဆက်သွယ်ရေးကလဲ သူတို့နှစ်ယောက်အတွက် ၀န်ဆောင်ပေးရှာတယ်
ကောင်မလေးတရက် စာတစောင်ဖတ်လိုက်ရတယ် စာထဲမှာ ရေးထားတာက ချစ်သူနှစ်ဦးအကြောင်း ဖုန်းဆက်တိုင်း ကောင်လေးက ကောင်မလေးဖုန်းချတဲ့အထိစောင့်တယ် ဒါကိုကောင်မလေးမသိဘူး နောက်မှ သူ့ကိုတကယ်ချစ်တဲ့ကောင်လေးက ဖုန်းချတာကိုစောင့်တယ်ဆိုတာ သိသွားတယ်…. ၀မ်းနည်းတဲ့ အချစ်ဇာတ်လမ်းလေးကိုဖတ်ပြီး ကောင်မလေးဝမ်းနည်းသွားတယ်… အဲဒီညမှာ ကောင်လေးကိုဖုန်းအရင်ချဖို့တောင်းဆိုတယ် ကောင်လေးက `အရူးလေ ဘာဖြစ်ပြန်ရတာတုန်း´ ကောင်မလေးကတော့ ချွဲနွဲ့ပြီးဖုန်းချဖို့ပဲပြောခဲ့တယ်။ ကောင်လေးဖုန်းချတော့ ကောင်မလေးပျော်သွားတယ် ပြီးတော့ စိတ်ထဲကနေရေရွတ်လိုက်တယ် မင်းကိုအရမ်းချစ်တယ်….. ဒီလိုနဲ့ ကောင်လေးကို ဖုန်းအရင်ချခိုင်းတာက အကျင့်တခုလိုဖြစ်သွားတယ်… အချိန်တွေကြာလာတော့ ငါဒီလောက်ချစ်ပါတယ်လို့ပြောတာကို သူမသိဘူးလားဆိုတဲ့ စိတ်ဝင်လာတယ်… ၀မ်းနည်းစရာကောင်းတဲ့အချစ်ဇာတ်လမ်းကို ကောင်လေးကိုဖတ်စေချင်လာတယ်… ကောင်လေးကတော့မသိဘူး… ဒီလိုနက်နဲစွာချစ်နည်းနဲ့ချစ်လိုက်ရတာလဲကောင်းပါတယ်လို့ရေရွတ်လိုက်တယ်..
ကောင်လေးကိုသူမငြိုငြင်ဘူး… သူ့ဆီက ချစ်တယ်ဆိုတဲ့စကားတလုံးနဲ့ တယောက်ထဲ အဝေးတနေရာမှာနေရတယ် … အချိန်မရွေးရောက်လာနိုင်တဲ့ အန္တရာယ်တွေကြားမှာ သတ္တရှိလာတယ်.. အတူနေတဲ့ မိန်းကလေးသူငယ်ချင်းအိမ်ပြန်သွားတော့ ကောင်မလေးတယောက်ထဲကျန်ခဲ့တယ်…
ကြောက်ပါတယ်ဆိုမှ တညမှာ အသံတခုခုကြောင့်သူနိုးလာခဲ့တယ်… သေချာနားထောင်လိုက်တော့ တံခါးပေါက်ကဖြစ်တယ်.. အရမ်းကြောက်လို့ မျက်ရည်တွေစီးဆင်းလာတယ်… ဖုန်းကိုသတိရပြီး ကောင်လေးဆီmassageပို့တယ်… အဝေးကရှိနေတဲ့သူဘာသက်နိုင်မှာလဲ ရဲစခန်းကိုတော့ဖုန်းမဆက်ပဲ…. ဒါပေမဲ့ ကောင်မလေးအားကိုးတဲ့ကောင်လေးဆီိကိုပဲဆက်ခဲ့တယ်….. ခဏကြာမှာကောင်လေးဖုန်းဆက်လာတယ် … ကောင်လေးက သူ့ကိုသတိရတာလားလို့ စနောက်လိုက်တယ်… အသံတိုးတိုးလေးနဲ့ငါအရမ်းကြောက်တယ် တံခါးမှာ မသကာင်္တဲ့သူတွေရောက်နေတယ်ဆိုတာကိုပြောပြလိုက်တယ်…. ကောင်လေးက ကောင်မလေးကိုနှစ်သိမ့်ရင်းကောင်မလေးကိုညွန်ကြားခဲ့တယ်… ဒီလိုနဲ့ ကောင်မလေးတံခါးပေါက်အနီးအနားကို ရောက်အောင်သွားခဲ့တယ်.. ဖုန်းကိုအသံဖွင့်ထားလိုက်တယ်… ရပြီလို့ကောင်မလေးတိုးတိုးလေးပြောလိုက်တာနဲပ ကောင်လေးက စကားကိုအကျယ်ကြီးပြောတယ် အိမ်ထဲမှာယောင်္ကျားလေးရှိတယ်ဆိုတဲ့အကြောင်းပေါ့… ကောင်မလေးက တံခါးနားကအသံကိုနားစွင့်တော့ ခြေသံလေးတွေကိုကြားလိုက်တယ်… တညလုံးကောင်လေးနဲ့ စကားတွေပြောခဲ့တယ်… ကောင်လေးကိုဖုန်းခကြောင့်ဖုန်းချခိုင်းခဲ့ပေမဲ့ ဖုန်းမချခဲ့ဘူး။ မနက်မိုးလင်းခါနီးမှာမှ ဖုန်းချတယ်…. ဖုန်းချတော့ကောင်လေးအရင်ချတယ်… ဒါကို ကောင်မလေးက တညလုံးသူနဲ့အဝေးမှာရှိနေတယ်ဆိုပေမဲ့ အခုလိုဖုန်းချသွားတာ သူ့စိတ်ထဲမှာလုံခြုံမှုတွေ ကိုယ့်ကိုယုံကြည်မှုတွေရော့ကုန်တယ်… ဘာလို့ သူချစ်သလောက် မချစ်တာလဲလို့စဉ်းစားခဲ့မိတယ်… နောက်ပိုင်း ကောင်မလေးအလုပ်တွေရှုပ်လာတော့ ဖုန်းကိုယူဖို့မေ့ကျန်တက်လာတယ်… ပြန်လာလို့ missed call တွေ့ရင်ကောင်မလေးက ဒီလောက်တော့ နှိပ်စက်မှရမယ်လို့ပြောတယ်… ၅လပိုင်း၃ရက်နေ့မှာ သာမာန်နေ့ပါပဲ…. ဖုန်းမေ့ကျန်ခဲ့တယ်.. ရုံးဆင်းခါနီးမှာ ငလျင်လှုပ်သွားတဲ့သတင်းကိုကောင်မလေးကြားတော့ ကောင်လေးရှိတဲ့နေရာဖြစ်နေတယ်… သူဖုန်းဆက်တော့ ဆက်သွယ်မရဖြစ်နေတယ်… ဆက်သွယ်ရေးပျက်သွားတယ်လို့ပဲ စဉ်းစားခဲ့တယ်.. အိမ်ကိုတဟုန်ထိုးပြန်ပြီး ဖုန်းကိုကောက်ကိုင်တော့ missed calls ၅၀ နဲ့ massage တစ်စောင်ရောက်နေတယ်.. ကောင်လေးကိုဆက်တယ် မရခဲ့ဘူး…. ဒီလိုနဲ့ စာကိုဖွင့်ဖတ်လိုက်တယ်…
``ချစ်သူ ငါဒီတသက်မင်းကိုပဲချစ်တာပါ.. ငါ့ကိုယ့်ငါချစ်တာထက်ငါချစ်ပါတယ်.. ငါ့ကိုဖုန်းအရင်ချခိုင်းကတည်းက ငါသိလိုက်ပါတယ် ချစ် အဲဒီစာကိုဖတ်မိခဲ့လို့ ဒါပေမဲ့ ချစ် ကို့ကိုချစ်တာထက် ကိုပိုပြီးချစ်ပါတယ် ဒီလိုလှပတဲ့အချစ်ဇာတ်လမ်းဆိုတာ ၀မ်းနည်းစရာတွေရှိလို့ ဒီလိုအချစ်ဇာတ်လမ်းမျိုးလို ငါတို့မချစ်ဘူး အဲလိုလှပတာလဲ ကို မလိုချင်ဘူး ရာဇ၀င်တွင်အောင်ချစ်တဲ့အချစ်ဆိုတာလဲ မလိုချင်ဘူး အေးအေးချမ်းချမ်းနဲ့ တသက်လုံးမခွဲတမ်း ပျော်ရွှင်စွာချစ်သွားချင်တယ် ချစ်အနားမှာ ကို အိုမင်းတာကိုသက်သေပြချင်တယ်… အဲလိုအချစ်တွေထက် လက်တွေ့ကျကျ အချစ်မျိုးလိုချစ်မယ်။ ဖုန်းကို ကို့အနားကချန်မထားခဲ့ဘူး မေ့မထားခဲ့ဘူး ချစ်ဆက်လာရင်ကိုမကိုင်မိမှာစိုးလို့ မင်းဆက်ချင်ရင် ကိုအဆင်သင့်ဖြစ်နေအောင်ကိုနေတယ် ရေချိုးခန်းဝင်ရင်တောင် ယူတယ်… ညလဲဖုန်းမပိတ်ဘူး အိပ်ခါနီးဆို ဓါတ်ခဲအသစ်ကိုလဲလိုက်တယ် ဖုန်းသံကိုလဲချဲ့လိုက်တယ် ချစ်ဖုန်းဆက်လာရင်အိပ်ပျော်လို့မကိုင်မိမှာစိုးလို့ ချစ်ကြောက်လို့ ကိုစီဖုန်းဆက်ရင် ကိုမကိုင်ရင် ပိုစိတ်အားငယ်မှာစိုးတယ် ဖုန်းချတိုင်းကိုအရင်ချတယ် ဒါပေမဲ့ ကိုပျော်တယ် ကို့ကိုအရမ်းချစ်တယ်ဆိုတာကိုသိနေလို့ပါ ကို့ဖုန်းဘယ်တော့မှမပိတ်ခဲ့တာကို မသိခဲ့ဘူးမလား မပိတ်ရတာက မင်းကိုသိပ်ချစ်လို့ပါ ကိုမပြောဘူးလို့မပြောနဲ့ ဒါတွေကိုအကြွေးမထားပဲ အခုပြောလိုက်တယ် ဘာလို့လဲဆိုတော့ မင်းကိုအကြွေးအရမ်းများနေလို့ နောက်ဆက်လျှောက်ရမဲ့လမ်းမှာ မင်းကိုအထီးကျန်စေခဲ့လို့ပါ… ငါ့မှာမင်းအနားမှာနေရလောက်တဲ့ကံမပါတာနေမှာ အဆောက်အဦးရဲ့နံရံ ကိုယ့်ကိုပိတာ ၂ နာရီတောင်ရှိသွားပြီ ကို့ရင်တခုလုံးကွဲကြေကုန်ပြီး သွေးညှိုနဲ့လဲရနေတယ် ကို မင်းအသံကိုကြားချင်တယ် ကိုဆက်တာကို ဘာလို့မကိုင်တာလဲ ကိုသေရမှာကြောက်တယ် ဒါကမင်းကိုချစ်လို့ မင်းနားမှာနေချင်လို့ မင်းလိုအပ်ချိန်မှာကိုမရှိမှာစိုးရိမ်လို့ မင်းကိုဂရုမစိုက်နိုင်တော့ဘူး… ကို့လိုမင်းကိုချစ်နိုင်မဲ့သူတယောက်ကို မင်းတွေ့တယ်ဆိုရင် သူ့ဖုန်းကိုမကိုင်ပဲမနေပါနဲ့ ဒီလိုခံစားချက်က ဘယ်လောက်နာကျင်တာလဲဆိုတာကို နားလည်လို့ပါ… ကိုအသက်ရှူလို့မရတောဘူး…နောင်ဘ၀မှာ မင်းကိုလက်ထက်ပြီး ဒီထက်မကချစ်ပြီး ဒီဘ၀ရဲ့မချစ်လိုက်ရတဲ့အချိန်တွေကို ဆတိုးပိုချစ်မယ် ငါမင်းကိုချစ်တယ် မင်းငါ့ကိုချစ်တာထက် ပိုချစ်တယ်….´´
ကောင်မလေးစာဖတ်ရင်းငိုတာဟာအသက်ရှူလို့မရအောင် နာကျင်ခံစားရတယ် ``နောင်ဘ၀ မှာထပ်ဆုံဆည်းပြီး ဖုန်းလဲဘယ်တော့မှမကိုင်တာ ဖုန်းပိတ်တာကိုမလုပ်တော့ဘူး´´လို့ကောင်မလေးပြောတယ်…
ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

1 comment:

  1. ကောင်းလိုက်တာ အစ်မ ရယ်။ တကယ် အရမ်းခံစားရတယ်
    ကျေးဇူးနော်။ ဒီလိုကောင်းတဲ့ blog လေးတွေရေးတဲ့အတွက်ပါ

    ReplyDelete