Wednesday, March 17, 2010

တောင်းပန်တယ်

တောင်းပန်တယ်

မင်းနှလုံးသားကရိုက်ခက်ပြီးပြောလာတဲ့အသံ
ငါ့နားထဲမှာကြားယောင်လာတယ်
တချိန်တည်းမှာ ငါ့နှလုံးသားကြေမွသွားတဲ့အသံ
ငါတို့ရဲ့စိမ်းကားတဲ့ဆက်ဆံရေးတွေ
ဒီအဖြူရောင်နံရံရဲ့ပတ်ပတ်လည်မှာ အနီရောင်ခန်းစီးတွေကငါ့ကို နှစ်သိမ့်ပေးတယ်
နေရာဟောင်းလေးတွေက ငါ့ကိုမမှတ်မိဘူး
နေရာဟောင်းလေးသိတာ ချစ်မေတ္တာတွေလွမ်းခြုံတဲ့ငါတို့နှစ်ယောက်
ဓါတ်ပုံထဲက ငါတို့နှစ်ယောက်ရဲ့ပုံရိပ်သာ ပြုံးရယ်နေတယ်
အရင်တချိန်က ငါတို့ ဆိုတာ ငါနဲ့မင်းနဲ့ ပြန်သွားလို့ ပြန်ဖြစ်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး
ငါ့နှလုံးသားကြေမွသံကို ငါမကြားယောင်ဆောင်တယ်
ငါတို့စိမ်းကားနေတာကို ငါမသိချင်ယောင်ဆောင်တယ်
ဒါပေမဲ့ အဖြစ်မှန်ကို ငါလက်ခံနိုင်ဖို့ ငါမဟန်ဆောင်တတ်ဘူး
အားနည်းအားငယ်တတ်တဲ့ ငါ ဆိုတဲ့ ငါကိုဖုံးကွယ်နိုင်ခဲ့ပေမယ်
မျက်ရည်စက်ကိုတော့ မတားဆီးနိုင်ခဲ့ဘူး
ကြေမွ ပြာကျသွားတဲ့ နှလုံးသားကိုလဲ မဖုံးထားနိုင်ခဲ့ဘူး
ငါဟန်ဆောင်ကောင်းတဲ့သူလို့ထင်ခဲ့တယ်
အဖြူရောင်နံရံတွေကနေ သွေးတွေစီးကျလာတယ်
လှပတဲ့နှင်းဆီလေး ညှိုးနွမ်းသွားပြီ
ငါအိမ်မက်ထဲမှာ ငါတို့ရဲ့အတိတ်ကို လိုက်ရှာမယ်
တောင်းပန်ပါတယ်လို့ မပြောတဲ့ မင်းကို တွေ့အောင်ရှာမယ်….

ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment