Thursday, March 18, 2010

မင်းပြောတဲ့

မင်းပြောတဲ့

မင်းပြောတယ် မင်းငါ့လက်ကိုတွဲတုန်းက ဘယ်တော့မှ ငါ့ကို လက်မလွတ်တော့ဘူးလို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါညာလက်ကဘယ်လက်ကိုတွဲတာအကျင့်ပါနေပြီ။

မင်းပြောတယ် ငါ့ရဲ့အကျင့်လေးတွေကို သည်းခံမယ် နားလည်မယ်လို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါ့အကျင့်လေးတွေပြောင်းလာတယ်။

မင်းပြောတယ် ငါ့ကိုအလိုလိုက်ပါ့မယ်လို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါ့ကိုငါပိုချစ်တက်လာပြီ။

မင်းပြောတယ် ငါလမ်းမှားလို့အိမ်မပြန်တက်တော့ရင်တောင် မင်းငါ့ကိုလာကြိုပြီး အိမ်ပို့ပေးမယ်လို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါတစ်နေရာတည်းမှာ ငါမစောင့်တက်တော့ဘူး။

မင်းပြောတယ် မင်းကို ၃ နှစ် စောင့်ပါလို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါနားလည်သွားတယ် လူတယောက်ရဲ့ ကတိကိုလွယ်လွယ်မယုံဖို့။

မင်းပြောတယ် ဘယ်လောက်ခက်ခဲနေပါစေ အတူတူ ဖြတ်သန်းမယ်လို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါတစ်ယောက်တည်း ကြံ့ကြံ့ခိုင်ရပ်တည်နိုင်နေပြီ။

မင်းပြောတယ် ထာဝရငါ့ကိုချစ်မယ်လို့
ဘာမှမဖြစ်ပါဘူး မင်းငါ့အနားကထွက်သွားပြီးကတည်းက ငါ့ကိုငါထာဝရချစ်ဖို့။

မင်းပြောခဲ့တဲ့ အများကြီး အများကြီးတွေက ငါ အများကြီး အများကြီး ရရှိလိုက်ပါပြီ။

ငါ ခုတော့ ရင့်ကျက်လာပြီ

မင်းပြောခဲ့တဲ့ အများကြီး အများကြီးတွေကို ငါမေ့ရတော့မယ် ငါ့တယောက်တည်းဘဝကနေ နည်းနည်းစီ မေ့ယူရတော့မယ် ငါ့ဘဝကို အသစ်ကနေပြန်စတော့မယ် ငါ့အတွက်နဲ့ ငါပြန်ရှင်သန်ရတော့မယ်။

မင်းငါ့အပေါ်အကြွေးတင်နေတဲ့ အကြွေးတွေ……………
မင်းငါ့အပေါ်ပြန်ဆပ်ရမဲ့ ထာဝရ………………………

ငါတစ်ယောက်တည်းဘဝကို မင်းတည်ဆောက်လိုက်တဲ့ ဘဝထက် ငါပျော်အောင်နေနိုင်တယ်
ငါနဲ့မင်းမှာရှိခဲ့တဲ့အချစ် ယုံကြည်မှု နားလည်မှုတွေကို ငါအလေးအနက်မြတ်နိုးခဲ့လို့
ရေးသားသူ-နိုဝင်ဘာပုလဲ novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment