Sunday, March 28, 2010

I love you

I love you

အရင်တချိန်ကလှပတဲ့ပုံရိပ်တွေ
နေ၀င်ဆည်းဆာချိန်တိုင်း မင်းအနားမှာမရှိတာဟာ
ငါ့အတွက် ခါသီးလွန်းလှပါတယ်
ငါ အားလုံးကို နားလည်ခဲ့တယ်လို့ထင်ခဲ့တယ်
လက်ခံနိုင်မယ်လဲထင်ခဲ့တယ်
ဒီလောကဓံတရားတွေကို
မင်းမရှိတော့တဲ့အချိန်တွေဟာ အတွေးထဲမှာတောင် မပျော်ပါဘူး
အာားလုံးဟာ လေကိုလက်နဲ့ဆုပ်ကိုင်ထားရသလိုပါပဲ
I love you
ငါမင်းကိုချစ်တာ ဘာကြောင့်ချစ်နေပါတယ်ဆိုတဲ့အကြောင်းရင်းမရှိပါဘူး
ငါလက်ကိုကမ်းထားပါတယ် မင်းခေါ်ဆောင်သွားဖို့ပါ
I love you
ငါမင်းအတွက်ပေးဆပ်ခဲ့တာကို မင်းသိသင့်နေပါပြီး
ငါ့အချစ်တွေ မင်းဆီမှာပဲရပ်တန့်တော့မှာပါ
မင်းကလွဲပြီး တခြားမှာ ဒီအချစ်ရှင်သန်လာမှာမဟုတ်ပါဘူး
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment