Sunday, March 28, 2010

အနားမှာရှိပေးပါ

အနားမှာရှိပေးပါ

မင်းကိုသတိရရင် အိပ်လို့မပျော်ဘူး
မင်းကိုတွေ့ရင် ရင်ခုန်နှုန်းတွေမလျော့ဘူး
မင်းကိုသတိရလို့ ငါတို့ရဲ့မနက်ဖန်ကို မြန်မြန်ရောက်ချင်တယ်
လမင်းလေးကို ငေးငိုင်ရင်း ရယ်စရာတွေပြောမယ်လို့ မင်းပြောခဲ့တယ်
ငါတို့တွေ အတူတူ ဆံပင်ဖြူလာတာကို ကြည့်မယ်လို့ မင်းပြောခဲ့တယ်
ရပ်ဖို့ အင်အားမရှိတော့တဲ့အချိန်ထိ ငါတို့ နွေးထွေးတဲ့ပွေ့ပိုက်မှုကိုပေးမယ်လို့ မင်းပြောခဲ့တယ်
ငါ့အနားမှာရှိပေးပါ
ငါ့စိတ်ကို မင်းနားလည်ပါ့မလား
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment