Thursday, March 18, 2010

ကျောက်တုံးလေးရဲ့အချစ်

ကျောက်တုံးလေးရဲ့အချစ်

ကျယ်ဝန်းလှတဲ့ ပင်လယ်ကမ်းစပ်တခုမှာ ကျောက်တုံးလေးအတွက်တွယ်တာရတဲ့ နောက်ကျောက်တုံးလေးကိုတွေ့ခဲ့တယ်။
ချစ်ခွင့်ပန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။
နောက်ကျောက်တုံးလေးကပြောတယ် ငါတို့တွေကကျောက်တုံးလေးတွေပါ ဘယ်လိုမှပေါင်းဖက်လို့မရဘူး။
ဒါနဲ့ ကျောက်တုံးလေးက နောက်ကျောက်တုံးလေးနဲ့ပေါင်းဖက်လို့ရအောင်ဆိုပြီး သူ့ကိုယ်သူ အစိတ်စိတ် အမွှုာမွှာဖြစ်အောင် ကျောက်တုံးကြီးတွေနဲ့ ပွတ်လိုက်တိုက်လိုက်……
နောက်ဆုံးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ သူချစ်တဲ့ နောက်ကျောက်တုံးလေးနဲ့ ပေါင်းဖက်မဲ့အချိန်မှာ ကံမကောင်းစွာနဲ့ လှိုင်းလုံးလေးက အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ကျောက်တုံးနဲ့ နောက်ကျောက်တုံးလေးကို ပုပ်ခက်လိုက်တာ ကျောက်တုံးလေးခမျာ ပေါင်းဖက်ဖို့ နေနေသာသာ ဘယ်ဆီကိုရောက်ကုန်မှန်းမသိတော့ပဲ ကျောက်တုံးလေးတစ်တုံးအဖြစ်နဲ့တောင် မကျန်ခဲ့ရှာဘူး။ နောက်ကျောက်တုံးလေးလဲ လှိုင်းလုံးနောက်ပါသွားပါတယ်။ နောက်ထပ်ထပ်ဆုံတွေ့ဖို့လဲမဖြစ်နိုင်တော့ပါဘူး။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment