စောင့်မျှော်ခြင်းနဲ့နာကျင်မှုမှာကျရှုံးသွားသောအချစ်
ချစ်သူတွေကြားမှာ ခက်ခက်ခဲခဲ ကျော်လွှားရတဲ့ တံတိုင်းတွေရှိတယ်။ ဘယ်လိုအချစ်မျိုးက အလှပဆုံးလဲ။ သေမလောက်အောင် ရူးမလောက်အောင် ချစ်ပါတယ် ဆိုတဲ့အချစ်လား။ အိုမင်းတဲ့ အထိ လက်ကလေးကိုတွဲပြီး အတူတူဖြတ်ကျော်ကြတဲ့ အချစ်လား။ ဘယ်လိုပဲ တားဆီးနေပါစေ ကျော်လွှားနိုင်တဲ့ အချစ်မျိုးလား။
ဒီဘ၀လမ်းတစ်လျှောက်မှာ တစ်ချို့တွေ အချစ်နဲ့ တွေ့ကြုံကြတယ် တစ်ချို့တွေ ရဲရင့်စွာ ချစ်ကြတယ် တစ်ချို့တွေ အချစ်ကို ရှောင်လွဲကြတယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းနဲ့နာကျင်မှုတွေကြောင့် အချစ်တွေကျရှုံးနေပါလား။
ချစ်စခင်စတုန်းကဆိုဘယ်လောက်ထိချစ်မှာလဲ လို့ မေးလေ့ရှိတယ်။ ဒါကို ထာဝရချစ်မယ် လို့ပြန်ဖြေလေ့ရှိမယ်။ ထာဝရဆိုတဲ့ မသိတဲ့ အတိုင်းအတာတစ်ခုနဲ့ ချိုမြိန်ကြည်နူးနေတာဟာ မထူးဆန်းတော့တဲ့အရာပါပဲ။ ဒီလိုနဲ့ ငါ့အတွက် သူဟာ အစားထိုးမရနိုင်လောက်အောင် ချစ်မိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ တကယ့်အချစ်စစ်နဲ့ ချစ်ခဲ့တာပါ။ ဘာဖြစ်ဖြစ်ချစ်ဖို့ကိုကောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချစ်က ဒဏ်ရာတွေကြောင့် တွေဝေလာခဲ့တယ်။ ဒီလိုနဲ့ ချိုမြိန်ခဲ့တဲ့ အတိတ်တွေက အခုတော့ ဘယ်ဆီကိုရောက်သွားမှန်းမသိ စာရ္ဂက်ဖြူတစ်ရွက်ကဲ့သို့ ကွက်လပ်ဖြစ်သွားတယ်။
တဖြည်းဖြည်း ကိုယ့်ကို စောင့်ရှောက်တတ်လာတယ်။ အချစ်ဟာ နာကျင်မှုတွေကြားမှာ မရှင်သန်နိုင်ဘူး ဆိုတာကို နားလည်စပြုလာတယ်။ အရင်တစ်ချိန်ကရေးခဲ့တဲ့ သူ့အကြောင်းနဲ့ပြည့်နေတဲ့ စာရွက်တွေကို ပြန်ကြည့်မိခဲ့တယ်။
ငါနားလည်လာတယ်။ ငါဘက်က စစ်မှန်သောမေတ္တာနဲ့ ပြီးပြည့်စုံအောင်ပေးဆပ်နေပေမဲ့ ဒီဒဏ်ရာတွေငါရတယ်။ ဒါကို ငါအေးအေးဆေးဆေး ဖြေရှင်းနိုင်မှရမယ်။ ငါကိုယ်ငါ ပိုချစ်တတ်လာတယ်။ ငါ့ကို ဘယ်လောက်ထိချစ်မှာလဲဆိုတဲ့ မေးခွန်းကို ငါမမေးတော့ဘူး။ အချစ်မှာတော့ နစ်မျောနေဆဲပါ။ ငါ အရေးမလုပ်တော့ဘူး လို့ဆုံးဖြတ်လို့မရဘူး။ ငါ နာကျင်မှာကို ကြောက်နေတယ်။ ငါ အချစ်ကို နားမလည်တော့ဘူးဖြစ်လာတယ်။
မင်းမချစ်တော့ရင် ငါထွက်ခွါသွားမယ်။ စောင့်မျှောင်လို့မရတော့မှန်းသိလို့။ နာကျင်လို့မရမှန်းသိလို့။
ကော်ဖီအရသာကိုသိတယ်မလား။
ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ
နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........
Thursday, March 18, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment