Monday, March 22, 2010

အဖြေရှာသောည

အဖြေရှာသောည

ရေလိုက်ငါးလိုက်အလား
ရေကလိုက်တာလား
ငါးကလိုက်တာလား
ရေနဲ့ ငါးက ဘာကိုလိုက်တာလဲ

အတွေးတွေပလုံစီလို့
ငါ့ရဲ့ညမှာ သတ်ပုံလည်းမမှားချင်ဘူး
အမဲလိုက်ရင်း သားကောင်ဖြစ်သွားတဲ့
မုဆိုးလို တောမှောက်တာကိုလည်း
ကြုံခဲ့ဖူးရဲ့....

ရေလိုက်ငါးလိုက်ရင်း ရေစုန်မျှောသွားတဲ့
ငါ့ဘ၀...........
{zAi}

No comments:

Post a Comment