Sunday, March 28, 2010

သိပ်ရက်စက်တယ်

သိပ်ရက်စက်တယ်

လျှောက်ခဲ့ပြီးတဲ့ခြေလှမ်းတွေပဲ ဘာလို့နောက်ပြန်ကြည့်မှာလဲ
မင်းပြန်ကြည့်လဲ ငါတို့ရဲ့ခြေရာတွေပါပဲ
မင်းကိုဘာပြောမှ ငါ့အနားမှာရှိမှာလဲ
ငါ့အနားကမထွက်ခွါအောင် ငါဘာလုပ်ပေးရမလဲ
မင်းငါ့အနားကနေ မထွက်ခွါသင့်တဲ့အကြောင်းရင်းကတော့ မင်းငါ့ကိုချစ်တယ်ဆိုတာပါပဲ
မင်းငါတို့ရဲ့ခြေရာကိုနောက်ပြန်ကြည့်မှာလား
တစ်ခြားသူတွေရဲ့ခြေလှမ်းကိုလျှောက်မှာလား
ကိုယ့်ခြေလှမ်းကိုလျှောက်မှာလား
ငါကတော့ ငါတို့အတူလျှောက်ခဲ့တဲ့ နောက်ဆုံးနေရာကနေ မင်းနဲ့အတူဆက်လျှောက်ဖို့ ငါမင်းကိုစောင့်မျှော်နေတယ်….
မင်းမရှိတဲ့နေတွေမှာဆို မျက်လုံးထဲဖုန်မှုန့်လေးတစ်စ၀င်နေသလို နေရခက်လွန်းပါတယ်
ဒီလိုအခြေအနေမှာငါဘယ်လိုလုပ်ရမလဲ
ငါမင်းကိုချစ်မိတာကို နောင်တမရဘူး
တွေးမိတာတော့ ငါတို့ရဲ့ ဝေးကွာခြင်းဒုက္ခက အထီးကျန်ခြင်းပဲ
မှေးမိန်တဲ့မီးလုံးလေးလို ငါတို့ရဲ့အဖြစ်
ရေစုန်မျှောလိုက်ရမှာလား
မင်းရဲ့ချစ်ခြင်းကို ခံရတာလဲ ငါနောင်တမရပါဘူး
တွေးမိတာတော့ နောက်ဆုံးထိ ငါတို့မချစ်နိုင်ကြတာပါပဲ
ခဏတာရဲ့ ပျော်ရွှင်ကြည်နူးမှုကိုပဲ ကျေနပ်နေရမှာလား
မင်းထားရက်တယ်ဆိုရင်တော့ မင်းပျော်မှာပါ
ငါကဘယ်လိုခံစားချက်မျိုးနဲ့နေခဲ့ရမှာလဲ
မင်းပြောပါ
မျက်ရည်မကျလို့ရရင် မျက်ရည်မကျချင်ဘူး
အသဲလဲမကွဲချင်ဘူး
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl


နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment