Wednesday, March 17, 2010

စွန့်ခွါမရတဲ့ငါတို့ရဲ့အတိတ်

စွန့်ခွါမရတဲ့ငါတို့ရဲ့အတိတ်

ငါဟာ သိပ်စိတ်ဓါတ်ခိုင်မာတယ်လို့ ထင်ခဲ့ပါတယ်။ အချစ်တွေ ဆုံးရှုံးနေပါစေ ငါဖြတ်ကျော်နိုင်မယ်ထင်ခဲ့တယ်။ ငါမှားသွားတယ်။ ဘာလို့ တခုခုခံစားလိုက်ရမှ ကိုယ့်ကိုကိုယ်ပိုနားလည်လာရတာလဲ။ ဒါတွေကို ငါရှောင်လွဲနိုင်ခဲ့မယ်ဆိုရင် ငါနာကျင်မှာမဟုတ်တော့ပါဘူး………

ငါ့အချစ်ကိုငါစွန့်ခဲ့တယ်……
ငါဟာဒီကမ္ဘာမှာအပျော်ဆုံးလူလို့ထင်ခဲ့တယ်။ ဘာမဆိုဆုံးရှုံးနေပါစေ ငါ့အတွက်မင်းရှိသေးတယ်။ ဒီလိုစိတ်လေးက မင်းငါ့ကိုထားခဲ့တဲ့နေ့အထိ ရှင်သန်ခဲ့တယ်။ ငါ့အချစ်ဆုံးသူက မင်းပဲလို့ထင်ခဲ့တယ်။ ဒါက ကိုယ့်ကိုလိမ်ညာနေတာပါလား။ ငါ့အတွက် သင့်တော်တဲ့ အချစ်စစ်ကိုပေးနိုင်တဲ့ သူကိုမတွေ့သေးပါလား။

ငါ့ပျော်ရွှင်မှုကိုငါစွန့်ခဲ့တယ်
ကြားဖူးတာကတော့ မိန်းကလေးတွေက ကိုယ့်ခံစားချက်တွေကို ပိုင်းခြားထားတဲ့နေရာမှာအတော်ဆုံးတဲ့။ ၄၀ရာခိုင်နှုန်းကို အချစ်။ ၅၀ရာခိုင်နှုန်းကို မိဘမောင်နှမသူငယ်ချင်း၊ ၁၀ရာခိုင်နှုန်းကို တခြား။ ဘယ်လောက်တော်နေတဲ့မိန်းကလေးဖြစ်နေပါစေ အချစ်ကိုဆုံးရှုံးရင် ဘာမှမရှိတော့ပါဘူး။ တော်တဲ့မိန်းကလေးထဲမှာမပါတဲ့ငါလဲ ဘာမှမရှိတော့ပါဘူး။

ငါ့ကိုယ့်ကိုငါစွန့်လွတ်ခဲ့တယ်….
အချစ်ကသာ နာကျင်မှုတွေကို ပိုနက်နဲစေတယ်လို့ထင်ခဲ့ကြတယ်။ ဒါမဟုတ်ပါဘူး။ အချိန်က အချစ်ကိုကုစားပေးသွားမယ်ဆိုပေမဲ့ အတိတ်ကတော့ ဘယ်အရာမှကုစားသွားမှာမဟုတ်ပါဘူး။ မချစ်တော့ပေမဲ့ တခါတလေ တိုက်ဆိုင်မှုတွေရှိလာရင်တောင် သတိရသေးကြတာပဲ မဟုတ်လား။

မင်းငါ့ကိုထိပ်ဆုံးဖွင့်ပြောခဲ့တဲ့နေ့၊ မင်းငါ့လက်ကို စတွဲတဲ့နေ့၊ မင်းငါ့ကို ပထမအနမ်းပေးတဲ့နေ့……….

ငါတို့အတိတ်ကိုငါစွန့်လွတ်လို့မရဘူး…
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment