Sunday, March 28, 2010

ဘယ်သူပြောပေးနိုင်မလဲ

ဘယ်သူပြောပေးနိုင်မလဲ

တကယ်ပါ အထီးကျန်တဲ့အချိန်တွေဆို မင်းငါ့အနားမှာရှိစေချင်လိုက်တာ
ဘယ်လောက်ထိအလုပ်တွေရှုပ်နေပါစေ မနက်စာလေးတော့ အတူစားစေချင်ပါတယ်
ဒီလောက်ရိုးရှင်းတဲ့တောင်းဆိုချက်ဆိုပေမဲ့ လုပ်ဖို့ခဲယဉ်းလွန်းပါတယ်
မင်းနဲ့အတူရှိချင်တာတခုနဲ့ တလောကလုံးကို ကျောခိုင်းရက်ပါတယ်
အချစ်မှာ တွေဝေနေတာတွေကို လုံးဝလက်မခံပါဘူး
အခက်အခဲလေးကိုမှမကျော်လွှားပဲ လမ်းလျော့လိုက်မယ်ဆိုရင် ဘယ်လောက်ရင်နာဖို့ကောင်းမလဲနော်
ငါ အချစ်စစ်နဲ့ ချစ်မိနေတာကို ဘယ်သူကများ ငါ့ကိုအသဲမခွဲဖို့ ပြောပြပေးနိုင်မှာလဲ
အချစ်ကငါ့အနားရောက်လာရင် ငါ့ကိုတအားပွေ့ဖက်ထားသလိုခံစားရတယ်
ငါ့ရဲ့နှလုံးသားကို ရိုက်ခက်တယ် မျက်လုံးတွေကို စုံလုံးကန်းသွားစေတယ်
အချစ်ကငါ့အနားရောက်လာရင် ငါ့ဆုံးဖြတ်ချက်ကို စောင့်စားနေသလို ခံစားရတယ်
ဒါပေမဲ့ ကမ္ဘာကြီးတခုလုံး ဒီတိုင်းကဒီတိုင်းပါ
မသေချာနေတာတခုကတော့ မင်းရဲ့ဆုံးဖြတ်ချက်ပါ
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment