Thursday, March 18, 2010

ဖိုးဝရုပ်

ဖိုးဝရုပ်

ဒီတစ်ခါတော့ ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို အမှတ်ရတာနဲ့ ဝေမျှဖို့ရေးဖြစ်သွားတယ်။ ယောင်္ကျားလေးများအတွက်ပါ မိန်းကလေးများအတွက်ပါ မှတ်သားစရာဖြစ်တယ်။
ပုံပြင်လေးကဒီလို….
သားကအဖေကို ပွဲဈေးတန်းကို ခေါ်သွားဖို့ ပူဆာခဲ့တယ်။ ဒါနဲ့ အဖေက သားဆီက ကတိတစ်ခုကိုတောင်းခဲ့တယ်။ ပွဲဈေးကိုရောက်ရင် အရုပ်တစ်ခုပဲ ၀ယ်ပေးမယ်ဆိုတဲ့ အကြောင်း ပြောတယ်။ သားက တစ်ရုပ်ပဲယူပါ့မယ်လို့ ကတိပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့ သားအဖ ပွဲဈေးကို ရောက်လာခဲ့တယ်။ ပွဲဈေးတန်းရဲ့အစမှာ သားက ဖိုးဝရုပ်လေးကိုမြင်တော့ အဖေကို အရမ်းပူဆာတယ်။ အရမ်းလိုချင်ပါတယ် ဆိုပြီး ထပ်ခါထပ်ခါပြောသလို အဖေကလဲ ထပ်ခါထပ်ခါ သေချာအောင် မေးတယ်။ ဖိုးဝရုပ်ကိုဝယ်ပေးလိုက်တယ်။ သားက ဖိုးဝရုပ်လေးကို ရတော့ ပျော်ရွှင်ကြည်နူးစွာနဲ့ ပွဲဈေးကို အဖေနဲ့အတူလျှောက်တယ်။ ဒါပေမဲ့ ဒီပျော်ရွှင်မှုတွေ သိပ်မကြာပါဘူး။ ကျားရုပ်လေးကို တွေ့တဲ့အချိန်မှာ အားလုံးဟာ ရပ်တန့်ခဲ့ပါတယ်။ ဖိုးဝရုပ်ကို ဘာလို့ ၀ယ်ခဲ့ရတာလဲ ဆိုတဲ့ နောင်တ အကြီးအကျယ်ရသွားတယ်။ ဒီတစ်ရုပ်ပဲ ၀ယ်ပါ့မယ်လို့ သူ့အဖေကို သူကတိပေးထားခဲ့တာကို သူသိနေတယ်။ ဒါကြောင့် သူမပူဆာရဲခဲ့ပြန်ဘူး။ မကြာခင်မှာ သေနတ်ကို တွေ့ပြန်တယ်။ နောင်တပေါ်နောင်တဆင့်လို့ သူ တလမ်းလုံး ဘာစကားမှမပြောပဲ သူပွဲဈေးတန်းကို နောင်တနဲ့လျှောက်လှမ်းခဲ့တယ်။
ဒီပုံပြင်လေးရဲ့ဆိုလိုရင်းကတော့ ဘ၀ဆိုတဲ့ ပွဲဈေးတန်းကြီးမှာ သင်အရုပ်တစ်ခု ရွေးချယ်မှုတစ်ခုသာပြုလုပ်ရမယ် ဆိုရင် သင်နောင်တများစွာနဲ့ ဖြတ်သန်းမှာလား။ ယောင်္ကျားလေးတွေလဲ နောင်တကို ရင်ဝယ်မပိုက်ချင်သလို မိန်းကလေးတွေလဲ ဖိုးဝရုပ်မဖြစ်ချင်ကြပါဘူး။
ပုံပြင်လေးကနေ တစ်ခုခု ရသွားရင် ကျေနပ်ပါတယ်။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

My favorite post that i heard this story from my brother last 4 years ago.....

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment