Wednesday, March 17, 2010

မှန်လွန်းတဲ့ ၁၂ ချက်

မှန်လွန်းတဲ့ ၁၂ ချက်

၁။ တချို့ကိစ္စတွေမှာ မှားမှန်းသိသိနဲ့ ဆက်လုပ်နေတယ် မကျေနပ်တဲ့စိတ်နဲ့။
တချို့လူတွေ ချစ်မှန်းသိသိနဲ့ လက်လွတ်လိုက်ကျတယ်။
တခါတလေ ရှေ့မှာ လမ်းမရှိမှန်းသိပါရက်နဲ့ ဆက်လျှောက်နေကြတယ် ကျင့်သားရနေလို့ပါ

၂။ မျက်စိကိုမှိတ်လိုက်တာနဲ့ မမြင်နိုင်တော့ဘူးလို့ထင်နေတယ်။
နားကိုပိတ်လိုက်တာနဲ့ မကြားတော့ဘူးထင်နေတယ်။
စိတ်ရှုပ်တဲ့အရာတွေကို မတွေးတော့ရင် မရှိတော့ဘူးလို့ထင်တယ်။
အချစ်တခုကိုလိုချင်ခဲ့တယ် နွေးထွေးတဲ့ပွေ့ပိုက်မှုလို့ထင်ခဲ့တယ်။

၃။ မှားခဲ့တဲ့အမှားတွေထဲမှာ ပြင်ချိန်မမှီလိုက်လို့ ကိုယ်တိုင်ကရှောင်လွဲလို့ မသိလိုက်လို့ မှားသွားကြတယ်။ ဒီလိုနဲ့ တစ်ခါပြီး တစ်ခါမှားလာကြတယ်။ ဒါပေမဲ့ အမှားထဲကနေ ထပ်မမှားအောင် မပြင်ကြဘူး။

၎။ ငါမင်းကိုသတိရနေတာ မင်းမသိတာ မင်းငါ့ကိုမချစ်လို့ပါ။ မင်းငါ့ကို မလိုလားမှန်းသိပါရက်နဲ့ ငါမင်းကိုချစ်နေမိတယ် ငါ အ လို့ပါ။ တစ်ခါတစ်လေ ငါရှောင်လွဲနေတဲ့ အရာတွေရှိမယ်။ ငါကြောက်လို့မဟုတ်ပါဘူး။ ငါမျှော်လင့်နေသေးတာပါ။

၅။ မိုးကောင်းကင်မှာ တောင်ပံရဲ့အရာတွေ မကျန်ခဲ့ပေမဲ့ ငှက်ကလေးပျံသန်းသွားခဲ့တယ်။ နှလုံးသားမှာ ဓါးဒဏ်ရာမကျန်ခဲ့ပေမဲ့ နာကျင်လွန်းနေတယ်။ ဘာကြောင့်လဲ။ နှလုံးသားဟာ နူးညံ့လွန်းပါတယ်။ ချစ်သူကြောင့် နာကျည်းမှုတွေခံစားရတာဟာ အပေါ်ယံဒဏ်ရာတွေထက် ပြင်းထန်လွန်းပါတယ်။ အချိန်သာလျှင် ကုစားနိုင်တာပါ။

၆။ လူအများစုမှာ အထီးကျန်လို့ ချစ်သူထားတာမှားသွားကြတယ်။ ဒါပေမဲ့ ဒီ့ထက်များတဲ့လူတွေက ချစ်သူနဲ့ လွဲမှားပြီး တစ်ဘ၀လုံးအထီးကျန်သွားတယ်။ ချစ်ဖို့ ကံတရားကဖန်ဆင်းထားပြီး ဆက်ချစ်သွားဖို့ သတ္တိမရှိကြဘူး။ ဒါဟာ ငါမချစ်တာမဟုတ်ပါဘူး။ ငါ မင်းငါ့လက်ကိုတွဲဖို့မင်းသတ္တိရှိလာမဲ့အချိန်ကိုစောင့်နေတာပါ။

၇။ သစ္စာဖောက်လိုက်ဖို့ အင်အားရှိရင် သစ္စာဖောက်ခံရတာကို လက်ခံဖို့ အင်အားပိုရှိရမယ်။ သစ္စာဖောက်တာဟာ သတ္တိရှိရင်ရပြီ ။ သစ္စာဖောက်ခံရတာက လက်ခံဖို့ပါ အချိန်တွေလိုအပ်လာမယ်။

၈။ ကိုယ့်တစ်ဘ၀လုံးနဲ့ အချစ်ကိုသက်သေမပြနိုင်ပါဘူး။ အချစ်ကိုထပ်မချစ်တော့ပါဘူးလို့ သက်သေမပြနိုင်သလိုပေါ့။

၉။ အခက်ခဲဆုံးအရာက ကိုယ့်ကို သိဖို့ လက်ခံဖို့ပါ။ အလွယ်ဆုံးလဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာမှန်းမသိတဲ့အချိန်တွေ များနေမယ် မှားယွင်းတဲ့နေရာမှာ ကိုယ့်ကို ထားမယ်။ သံဝေဂရဖို့များလား။ ဒါကြောင့် မှားယွင်းအောင် မနေပါနဲ့။ ကိုယ်ကသာ ကိုယ်ဘာလိုတာကို သိဖို့ပါပဲ။

၁၀။ အလုပ်တစ်ခုကို လုပ်သည်ဖြစ်စေ လူတစ်ယောက်ကို ချစ်သည်ဖြစ်စေ ကြာလာရင် ငြီးငွေ့ကြတယ် ထွက်ပြေးဖို့ ဖြစ်လာတယ်။ သေချာနေတဲ့တစ်ခုကို ဆက်လျှောက်သွားဖို့ သတ္တိဆိုတဲ့ အင်အားတွေ လိုမယ်။ သင်ကိုယ့်ကို မေးခွန်းတစ်ခုမေးကြည့်ပါ စိတ်ဓါတ်ကြံ့ခိုင် ရဲ့လား။

၁၁။ အကြိမ်ပေါင်းများစွာများစွာထဲမှာ အတိတ်တွေက မှုန်ဝါးကုန်တယ်။ ဒီနေရာမှာပဲ လည်ပတ်နေတယ်။ မရုန်းထွက်နိုင်ဘူး။ အရင်ကအချိန်ကို ပြန်ရောက်ချင်နေမိတယ်။ နောက်တစ်ခေါက် အစကနေ ပြန်စခွင့်ရရင် အလွန်ရိုးရှင်းတဲ့ပုံနဲ့ ချစ်သွားချင်နေမိတယ်။

၁၂။ ဒီပုံပြင်ရဲ့ အဆုံးသတ်ကို သင်သိနေရင် ပြောပြမှာလား မသိချင်ဟန်ဆောင်လိုက်မှာလား။
လူတစ်ယောက်ကို ပေးတဲ့နာကျင်မှုက ဘယ်လောက်ထိနက်ရှိုင်းစေနိုင်လဲဆိုတာ သင်ကိုယ်တိုင် ခံစားနေရတဲ့ ပုံနဲ့ စဉ်းစားကြည့်ပါလား။

ရေးသားသူ- နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment