Sunday, March 28, 2010

ဒဏ်ရာမဲ့အနာ

ဒဏ်ရာမဲ့အနာ

ဒီသီချင်းကို အရမ်းသဘောကျမိတယ်
“ကွဲအက်လို့သွားပြီ မျှော်လင့်ခြင်း အချစ်မဲ့နေ့များဆီ ငါ့ရဲ့ငိုသံများ အဆုံးသတ်နေ့များထိ ကိုယ့်ရဲ့ ဒဏ်ရာမြစ်များစီး”
ဟဲလေးရဲ့ ၀ါရင့်သမာရင့်ထဲက သီချင်းလေးပါ…

အရမ်းခံစားလွယ်တဲ့ ငါ
အရမ်းစဉ်းစားလွန်းတဲ့ ငါ
ဒီသီချင်းကိုနားထောင်တိုင်း မင်းကိုသတိရတယ်
အထူးသဖြင့် “ပြီးဆုံးသွားတဲ့နေ့ရက်တွေကို တမ်းတလွမ်းဆွတ်လို့ ရင်ခွင်ထဲ မင်းပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ရှင်သန်နေခဲ့ရတယ် ဒီမှာ စိမ်းစိမ်းကားကားလွင့်ပစ်သူကို တမ်းတမ်းစွဲခဲ့လို့ နှလုံးသားတွေ အမှတ်မရှိခဲ့လို့ နာကျင်ခဲ့ရပြီ မုန်းတတ်ချင်ပြီ”
တစ်ပုဒ်လုံးပါပဲ
ငါအစွမ်းကုန် ပေးဆပ်တယ် နားလည်ပေးတယ် ဆုံးရှုံးမှာ တွေးကြောက်လို့
မင်းငါ့အပေါ်ဘယ်လို ရက်စက်မှာလဲ
ငါ့သူငယ်ချင်းတွေကို ငါ နှစ်သိမ့်ပေးနိုင်ပေမဲ့ ငါ ကိုယ့်ကို နှစ်သိမ့်ပေးလို့မရဘူး
ငါက သူများတကာကို ပျော်စေခဲ့နိုင်ခဲ့ပေမဲ့ မင်းနဲ့တွေ့မှ ငါ့သူငယ်ချင်းတွေရှေ့မှာငါငိုယိုခဲ့တယ်…………….
မင်းကိုချစ်တဲ့စိတ်က သွန်လိုက်ပြီးတဲ့ရေလိုပဲ ပြန်ခက်ယူလို့မရပါဘူး
ငါအမြဲကိုယ်ကိုပြောတယ် ငါမငိုရဘူးလို့
ငါအမြဲကိုယ့်ကိုသတိပေးတယ် ငါ့အမှားမဟုတ်ဘူး မင်းငါ့ကိုမမြတ်နိုးတာ
ဒီတော့ ဘာဖြစ်လဲ
ဒီလိုစဉ်းစားတော့ ငါပျော်နေတယ်ထင်လား
ဖြေသိမ့်နိုင်မယ်ထင်လား
ငါမပျော်ပါဘူး
ဟန်ဆောင်အပြုံးတွေကို ငါမုန်းတယ်
ငါပြောင်းလဲလိုက်တယ်
မင်းနောင်တရစေရမယ်လို့
ဘာထူးလဲကွယ်…..
ဒါကိုယ့်ကိုနှစ်သိမ့်နေတာပါ
ကိုယ့်ကိုချစ်တဲ့ချစ်သူက သင့်ကို ပစ်သွားမှာမဟုတ်ပါဘူး
သင့်ကိုချစ်တဲ့သူကလဲ သင့်ကို မျက်ရည်ကျအောင်မလုပ်ပါဘူး
ဒီလိုနှလုံးသားမပါတဲ့သူနဲ့တွေ့ရင် အချစ်ဆိုတာဒီလိုလူတွေနဲ့ မထိုက်တန်ပါဘူးလို့သင့်ကိုယ်သင်ပြောလိုက်ပါ………………..
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment