Thursday, March 18, 2010

စွန့်လွတ်ခြင်း

စွန့်လွတ်ခြင်း

မင်းဘာကိုကြောက်နေတာလဲ အောင်မြင်ခြင်း ဆုံးရှုံးခြင်း
မင်းဘာကိုစိုးရိမ်နေတာလဲ အတိတ် အနာဂတ်
ငါ ဝေမျှပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်
မင်းပျော်ရွှင်မယ်ဆိုရင် ကျေနပ်ပါပြီ…
ငါတို့ရဲ့သံယောဇဉ်မျက်နှာတွေကိုမှမထောက်
ငါမင်းအတွက်နဲ့ နာကျင်ခံစားနေတယ်
ငါ့မျက်ရည်တွေမင်းမမြင်အောင် ငါပြုံးပြနှုတ်ဆက်မယ်
နှုတ်ဆက်တဲ့ နောက်ကွယ်မှာ ငါ့ဘဝမှာဘာမှမရှိတော့ပါလား
မင်းနားလည်အောင် မင်းသနားအောင် ငါမပြောတက်ဘူး
မင်းသနားမှာကိုလဲ မလိုလားဘူး
ငါလက်လွတ်လိုက်ခြင်း ငါ့ရဲ့ယူကျူံးမရမှုတွေကို မင်းငါ့ကိုချစ်ခဲ့တာနဲ့ ငါလဲလိုက်တော့မယ်
နောက်ဆုံးတကြိမ်အနေနဲ့ ချစ်သူလို့ ခေါ်ပါရစေ
ဘယ်သူသိမှာလဲ…………
လောကမှာ ချစ်သောသူနှင့်
ဝေးကွာရခြင်းဆိုတဲ့အရာဟာ………………………………………
ရေးသားသူ-နိုဝင်ဘာပုလဲ novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment