Wednesday, March 17, 2010

အားလုံးမှာအကြောင်းရင်းနဲ့

အားလုံးမှာအကြောင်းရင်းနဲ့

ဒီလောကကြီးမှာ အားလုံးကိုယ်စီမှာသူ့အကြောင်းနဲ့သူရှိတယ်..
တိုတောင်းတဲ့အချိန်လေးမှာ သင့်အနားမှာရှိခဲ့မယ်….
ထာဝရလက်တွဲတဲ့သူလဲရှိမယ်….. ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
သူ့ကိုနားလည်ရင်သင်သူ့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသင်နားလည်လာမယ်….
အကြောင်းရင်းတခုခုကြောင့် သူသင့်ဆီရောက်လာမယ်…..သင့်ကိုဖြည့်ဆည်းပေးမယ်… သင့်အခက်အခဲတွေကိုသူဖြေရှင်းကူမယ် သင့်ကိုအားပေးမယ် လမ်းညွန်မယ်.. စိတ်ဓါတ်ရေးရာအရလဲ ကြံ့ခိုင်အောင်သူသင့်ကိုဖေးမမယ်…. မိုးပေါ်ကနတ်သမီးလေးကိုစေလွတ်ထားသလို သင့်ကိုကူညီမယ်… ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။ သူကိုလိုအပ်ရင် သူတို့ကအဆင်သင့်ပါပဲ…..
သင်မပြင်ဆင်ထားတဲ့အချိန်မှာ သူသင့်ကိုခွဲခွါမယ်… ခွဲခွါချိန်ရောက်လာမယ် ဆိုရင် ရေစက်ဆုံးပါပြီ…. ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။ သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
တခါတလေမှာမယုံနိုင်လောက်အောင်ဖြစ်ပျက်တဲ့အရာတွေရှိတယ်… ဒါလဲ သူ့အကြောင်းနဲ့သူပေါ့… ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
အသဲကွဲလို့ ယူကျုံးမရဖြစ်နေမဲ့အစား ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ ကိုယ့်ဘ၀ကို စိုပြေအောင် ဆေးရောင်စုံ ခြယ်ထားတဲ့ ပန်းချီကားတစ်ချပ် ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်
ပြန်လည်ဝေမျှမယ်ဆိုရင်လဲ ပုလဲဝမ်းသာမဆုံးပါ
ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ `novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment