Sunday, March 28, 2010

မင်းငါ့ကိုချစ်တယ်ဆိုရင်

မင်းငါ့ကိုချစ်တယ်ဆိုရင်

ပင်လယ်ရဲ့ နက်ရှိုင်းတဲ့နေရာကိုရောက်လေလေ မင်းကိုပိုသတိရလေလေ
စိမ်းကားတဲ့ အချစ်တွေနဲ့ မင်းကို ချစ်နေရတာ အသက်ရှူလို့ခက်လေလေ
အသက်ရှင်ခြင်းရဲ့ အနက်ကို ရှာမယ်ဆိုရင် မင်းကို နှလုံးသားတစ်နေရာမှာထားဖို့ပါ
ငါလိုတာမင်းတစ်ယောက်ထဲပါ
တကယ်လို့ မင်းငါ့ကို ချစ်တယ်ဆိုရင် မင်းငါ့ကိုလာရှာမယ်
တကယ်လို့ မင်းငါ့ကို ချစ်တယ်ဆိုရင် ငါအသက်ရှင်လို့မရတော့တာကို မင်းသိမယ်
တကယ်လို့ မင်းငါ့ကို ချစ်တယ်ဆိုရင် ငါအထီးကျန်နေတာကို မင်းသိမယ်
တကယ်လို့ မင်းငါ့ကို ချစ်တယ်ဆိုရင် ငါ့ကိုလာခေါ်မယ်
တကယ်လို့ မင်းငါ့ကို အချစ်စစ်အချစ်မှန်နဲ့ ချစ်မိခဲ့တယ်ဆိုရင်ပေါ့…………….
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment