ခရစ်စမက်ကဒ်ပေါ်မှာ မင်းအတွက် ပျော်ပါစေဆိုတဲ့စာလုံးတွေ
မင်းဆီကိုပို့ဖို့ လိပ်စာကတော့ ငါ့ရဲ့နှလုံးသားတဲ့
မင်းရရှိနိုင်မလား ငါ့ရဲ့ခရစ်စမက်ကဒ်လေးကို
ရာသီဥတုကလဲအေးတယ် လေလဲတိုက်လှတယ်
ဒီစည်ကားလှတဲ့မြို့ပြကြီးက ခုတော့ ငါ့အတွက် တိတ်ဆိတ်နေတယ်
ဒီဆောင်းတော့ ငါတယောက်တည်း အိမ်ပြန်ရမယ်
ငါကိုယ့်ကို ငါမေးတယ် ကျင့်သားရပြီလားလို့
မင်းမရှိတဲ့နေ့ရက်မှာ အထီးကျန်မှုတွေက ပိုပြီး ကြောက်လန့်ဖို့ကောင်းနေတယ်
အထီးကျန်မှုကိုမေ့ဖို့ ဘာနည်းလမ်းများရှိလဲ
မင်းအဆင်ပြေရဲ့လား
မင်း ငါ့ကိုသတိရတယ်ဆိုတဲ့ စိတ်နဲ့ ရှုပ်ထွေးနေလား
မင်းပြောတဲ့ မင်းငါ့ကို သတိရမယ်ဆိုတာကို မင်းသတိရရဲ့လား
အလုပ်တွေရှုပ်ပြီး နာကျင်နေလား
မင်းငါ့ကို မေ့မှရမယ်ဆိုရင်လဲ
မင်းပျော်ရာကို မြန်မြန်လှမ်းသွားပါ
မင်းနာကျင်တာကို ငါမကြည့်ဝံ့ဘူး
လွမ်းဆွတ်သတိရတယ်ဆိုတဲ့အကြောင်းတွေကို ဖော်ပြဖို့ အခွင့်အရေးတွေ မရှိတော့ဘူး
ချစ်သူဟောင်းကမေးတဲ့ စကားတွေက သူစိမ်းသူမေးတာထက်တောင် နေရခက်ကုန်ပြီ
မနေ့ကနဲ့ ဝေးပြီး မနက်ဖန်ရောက်ဖို့ ခက်နေတယ်
အတိတ်တွေကလဲေ၀၀ါးနေပြီး ရင်လေးလှတယ်
ဒီလိုညမျိုး ငါဘယ်လိုငိုရမလဲ
ရေးသားသူ-novemberpearl-နိုဝင်ဘာပုလဲ
Saturday, January 16, 2010
Friday, January 15, 2010
မွန်းကျပ်စေတဲ့အိပ်မက်
``ငါ့ကိုထားခဲ့ပါ ငါ့ကိုလမ်းခွဲချင်တယ်လို့ မင်းအရင်ပြောပါလား ငါ မခံစားနိုင်တော့ဘူး´´
မင်းနောက်ဆုံးငါ့ကိုဒီလိုပြောခဲ့တယ်
ငါတို့စိတ်ကူးထဲက အိပ်မက်တွေဟာ ခုတော့ မရှိတော့ဘူး
ငါမင်းကိုချစ်လွန်းလို့
ငါပေးတာတွေကမင်းအတွက်မွန်းကျပ်စေတယ်တဲ့
အချိန်တိုအတွင်းမင်းပျောက်ကွယ်သွားမှာကို မင်းစိုးရိမ်နေတယ်
ငါမင်းကိုပေးတာတွေများနေလို့ မင်းငါ့ကိုမပေးနိုင်မှာကို မင်းစိုးရိမ်နေတယ်
ထာဝရကိုမင်းေ၀၀ါးနေတယ်
ငါတို့တွေ လမ်းဆုံမှာရပ်နေတယ် မင်းဘယ်ဘက်ကိုထွက်ခွါမှာလဲ
ငါစကားမပြောပဲ မင်းထွက်ခွါသွားမှာကို ငါ တိတ်တဆိတ်နဲ့ ရပ်ကြည့်နေခဲ့တယ် ငါမင်းကိုချစ်လွန်းလို့ပါ
ငါ့ပါးပြင်ကမျက်ရည်စက်လေးပူနွေးနေပေမဲ့ လက်ကိုလာတွဲပေးမဲ့သူ မရှိတော့ဘူး
အချစ်ဆိုတာ ၁နဲ့၁ပေါင်းတိုင်း ကြိုးစားတိုင်း မဖြစ်နိုင်ဘူးလား
ငါလိုချင်တဲ့ တနေရာကိုမင်းငါ့ကိုမပေးနိုင်ဘူးလား
မင်းငါ့ကို အဲဒီတနေရာပေးမယ်လို့ရည်ရွယ်ခဲ့တယ်မလား
ဘယ်အခက်အခဲပဲဖြစ်ဖြစ် အချစ်စစ်ဆိုရင် ငါတို့ကျော်လွှားနိုင်တယ်မလား
အချစ်စစ်ဆိုတဲ့သဘောက ဒုက္ခတွေဝန်းရံနေမြဲပါ
ဘယ်အခြေအနေပဲဖြစ်ဖြစ် မင်းဝမ်းနည်းတယ် မင်းမှာဆုံးဖြတ်ချက်တွေေ၀၀ါးနေတယ် မင်းစိတ်ညစ်တယ် ဆိုရင်တောင် မင်းငါ့ကိုချစ်တယ်မလား
ရာဇ၀င်တွင်အောင်မင်းငါ့ကိုမချစ်နိုင်ဘူးလား
ချွဲတတ်တဲ့ ချစ်ဖို့ကောင်းတယ် စွဲလန်းစေတဲ့ ငါ့ပုံရိပ်ကို မင်းသိသေးလား ငါကတော့ ဒီနေရာမှာဒီတိုင်းပဲရှိနေပါတယ်….
မင်းရဲ့လိုအင်တွေဖြည့်ဆည်းပေးရင်းနဲ့……….

အသဲကွဲနေသောမိန်းကလေးဆီသို့
(မိန်းကလေးသီးသန့် ယောင်္ကျားအားလုံးကိုကိုယ်စားမပြု အသိမဲ့သောယောင်္ကျားဖြင့် ရေးသားထားခြင်း)
ချောတဲ့မိန်းကလေးတို့အများဆုံးကြုံတွေ့ရတာတော့ လူလတ်ပိုင်းယောင်္ကျားတယောက်က `မင်းကိုသဘောကျတယ် တွေ့ခဲ့ဖူးတဲ့မိန်းကလေးထဲမှာ မင်းကမတူဘူး ထူးခြားတယ် ငါ့ကိုစွဲဆောင်နိုင်တယ်´ လို့ပြောရင် မိန်းကလေးတွေအားလုံးကတော့ ပျော်သွားတယ် တကယ်ထူးခြားတယ်လို့ သတ်မှတ်မိသွားတယ်။
ဒီလိုပြောတဲ့ယောင်္ကျားတယောက်က သူ့မှာတခုခုဟာတာတာကွက်လပ်လေးတခုရှိနေမယ် သူ့ကိုယ်သူပိုချစ်နေလို့ သူ့ကိုချစ်ဖို့မိန်းကလေးတယောက်ကိုရှာနေတာဖြစ်မယ်။
ဒီမှာ မိန်းကလေးတွေစဉ်းစားရမှာက ငါကသူအတွက် တကယ်ထူးခြားတယ်ဆိုတဲ့စကားပါပဲ ဒီယောင်္ကျားက မိန်းကလေးတိုင်းကိုပြောတယ်ဆိုတာထက် မိန်းကလေးတွေက စိတ်လှုပ်ရှားလွယ်တဲ့သတ္တ၀ါဖြစ်လို့ ယုံကြည်မိမှာတော့အမှန်ပါ……
သူတို့ကတော့ ယုံကြည်အောင်ပြောဖို့မွေးဖွားလာရသလို ငါတို့လဲ ယုံကြည်အောင်နေဖို့ မွေးဖွားလာတယ်လို့ပဲသဘောထားလိုက်မယ်…..
သူငယ်ချင်းအားလုံးလဲ စိတ်ရင်းနဲ့ပြောတာ ယုံကြည်အောင်ပြောတာ လေးတွေ ခွဲတတ်နိုင်ပါစေ…
အစကတော့ မင်းကိုတနေ့ထက်တနေ့ချစ်မိနေပြီ နောက်တော့ မင်းအပေါ် အေးတိအေးစက်တွေဖြစ်လာမယ်… အစကဘာတွေပြောခဲ့တယ်ဆိုတာကို ယောင်္ကျားလေးတွေ မစဉ်းစားဘူး တာဝန်မယူဘူး (ဒီမှာတခုပြောချင်တယ် ယောင်္ကျားနှစ်မျိုးရှိတယ် အသိရှိတာနဲ့ အသိမဲ့တာ အသိတရားရှိတာကိုတော့ မဆိုလိုပါဘူး ဒီမှာက သူတို့ရဲ့အကြောင်းကို အသိမဲ့တဲ့ယောင်္ကျားအနေနဲ့ပဲသတ်မှတ်လိုက်မယ်) မိန်းကလေးတွေကသာသူတို့ဘာပြောတယ် ဆိုတာကို အသေမှတ်သားပြီး ယုံကြည်ခဲ့တာ ဒီလိုနဲ့ သနားစရာကောင်းတဲ့မိန်းမသားတွေဖြစ်ကုန်တယ်… အဖြေကိုရှာတယ် ဘာလို့သူငါ့အပေါ် အေးတိအေးစက်ဖြစ်လာရတာလဲ ဘာလို့ငါ့ကိုဂရုမစိုက်ရတော့တာလဲ ငါဘာမှားလို့လဲ…..
သူငယ်ချင်း ဒီမေးခွန်းတွေရဲ့အဖြေကို သင်မရှာပါနဲ့…. အဖြေကလွယ်လွယ်လေး သူပြောခဲ့တဲ့စကားတွေက စိတ်ရင်းမပါပဲ လွယ်လွယ်နဲ့ သူပြောခဲ့တာပါ… သူပျင်းတာတွေငြီးငွေ့တာတွေထက် စိတ်ပျက်ဖို့ကောင်းလာသလိုပဲ ဆိုပြီး သူရှောင်သွားတာပါ…. သင်က ဒီနေရာမှာ အတင်းလိုက်ပြီးမေးမြန်းမယ်ဆိုရင်တော့ သူကလေယာဉ်နဲ့ဒုံးပျံနဲ့တောင်ထွက်ပြေးသွားမှာ….
မိန်းကလေးနဲ့ယောင်္ကျားလေးတွေမတူပါဘူး… သူတို့ကအချစ်ကိုပေါ့ပေါ့လေးပဲစဉ်းစားတယ် မိန်းကလေးတွေက အသေးစိတ်တယ် ယောင်္ကျားလေးတွေပြောတဲ့ စကားမှန်သမျှကိုမှတ်သားထားတယ် ဒီမှတ်ညဏ်ကတော့ ယောင်္ကျားလေးတွေမမီပါဘူး ဒါပေမဲ့ အဖြေမရှိတဲ့ မေးခွန်းတွေကို ထုတ်တာတော့ ယောင်္ကျားလေးကအတော်ဆုံးပါ…
တယောက်ရဲ့အတွေးကိုသိဖို့ကအခက်ဆုံးပါ… ရှင်းရှင်းလေးတွေးရအောင် သူမင်းကိုမဆက်သွယ်ချင်တော့ဘူးဆိုရင် သူကသင်ကိုအလေးမထားတော့ဘူး သူ့အတွက် သင်အရေးမကြီးဘူး တခြားဖြစ်နိုင်ချေတွေလဲရှိပါတယ်… ဒါပေမဲ့ မစဉ်းစားနဲ့ သင်မောလိုက်မယ်..
ဒီလိုအချိန်မှာ အသဲတွေကွဲပြီး ဖြစ်သလိုမနေနဲ့ ဘာလို့သူအတွက်နဲ့ ကိုယ့်ကိုနှိပ်စက်နေမှာလဲ …. အလှဆုံးဖြစ်အောင်သာနေ… သူကိုတောင်သနားရမယ် ဒီလိုလေးနက်တဲ့အချစ်နဲ့ သူမထိုက်တန်ဘူး ငါတို့လိုလေးလေးနက်နက် တကယ့်အချစ်စစ်နဲ့ တကယ်ပေးဆပ်ပြီးချစ်ခဲ့တဲ့ အချစ်ကို ငါတို့ပိုင်ဆိုင်ခဲ့တယ် သူ့ကိုချစ်တဲ့အချိန်မှာ တကယ်ချစ်ခဲ့တဲ့အတွက် ငါတို့အတွက် ယူကျုံးမရ ၀မ်းနည်းစရာအကြောင်းဘာမှမရှိ သူသာလျှင် ၀မ်းနည်းရမှာ သူ့ကိုချစ်တဲ့သူကို သူဆုံးရှုံးရလို့ပါ။
ငါနင့်ကိုမချစ်တော့ဘူးလို့ သူတို့တွေ တိုက်ရိုက်ပြောတာမရှိသလောက်ပါပဲ…. ဆင်ခြေဆင်လက်တွေပေးတယ် တယောက်ရဲ့ရင်ထဲမှာတယောက်ရှိနေမယ်ဆိုရင် ဘယ်လောက်အလုပ်ရှုပ်နေပါစေ ဖုန်းလေးတော့ ဆက်ပေးတတ်ပါတယ်… ဒီလောက်အချိန်လေးတော့ သူတို့စီမံတတ်ပါတယ်…. ဒီလောက်အချိန်လေးတောင်မရှိရင် သူငယ်ချင်း သင်ပြင်ဆင်ထားပေတော့ သူ့ဆင်ခြေဆင်လက်ကိုနားထောင်းပေးဖို့ပေါ့….. ဆင်ခြေဆင်လက်တောင်မပြောတော့ဘူးဆိုရင်တော့ ….. ပြီးပါပြီ မေ့လိုက်တော့……
မိန်းကလေးတွေကသူတို့ကိုသူတို့ ကြံ့ခိုင်ကြတယ် ခံနိုင်ရည်ရှိကြတယ်လို့ထင်တယ်…… အားလုံးကိုရင်ဆိုင်နိုင်တယ်လို့ထင်မယ် … ဒါပေမဲ့ ဒဏ်ရာတွေနက်နဲလာမှသိတော့ အချိန်တွေနှောင်းခဲ့ပါပြီ…..
မိန်းကလေးတွေက ယောင်္ကျားတွေထက်သတ္တရှိတယ် တကယ်ရင်ဆိုင်မယ်ဆိုရင် မိန်းကလေးတွေကပဲရင်ဆိုင်နိုင်တယ်… သူတို့ကတော့ သက်သာရာကိုနားခိုကြတာပါပဲ…..
ကယ်… မိန်းကလေးတွေအားလုံး အသိတရားရှိတဲ့ ယောင်္ကျားလေးနဲ့ တွေ့ဆုံနိုင်ကြပါစေ
အချစ်စစ်ကိုပိုင်ဆိုင်နိုင်ပါစေ….

ညချမ်းရဲ့လရောင်
ငါမေးချင်တယ် ဘာလို့နင်ငါ့ကိုချစ်ခဲ့တာလဲ
မင်းကိုချစ်အောင်မင်းလုပ်ခဲ့ပြီး ဘာလို့ငါ့ကိုမမြတ်နိုးတာလဲ
ငါမင်းကိုချစ်တယ် မင်းငါ့ကိုစွန့်ခွါသွားလဲ ငါမင်းကိုမမုန်းပါ လမ်းခွဲပြီးလဲ မင်းကိုသတိရဖို့ငါပိုင်ဆိုင်သေးတယ်
မင်းမရှိတော့ အထီးကျန်တယ်လို့ခံစားရတယ် အားငယ်တယ်
ဒါမှ ငါရင့်ကျက်လာမှာ ဒီလို ဒုက္ခတွေကြားရုန်းကန်ရင်း
လမ်းခွဲပြီး ငါပြုံးနိုင်အောင်ကြိုးစားတယ် ဒါမှ ငါစိတ်ဓါတ်ကြံ့ခိုင်လာမှာ
ငါကိုယ့်ကို ပြောတယ် ငါဘာမှမဖြစ်ဘူး မင်းမရှိလဲ ငါဒီလမ်းကိုဆက်လျှောက်နိုင်ပါတယ်လို့
ညနေစောင်းတွေမှာမင်းကိုပိုသတိရမိတယ်
လမ်းခွဲပြီးနောက် ငါသီချင်းကို နားထောင်တယ် ငါ့ရင်ထဲက သံစဉ်လိုပဲ
ငါအပြုံးတွေနဲ့အထီးကျန်မှုတွေကို ခိုင်မာတဲ့ တံတိုင်းအဖြစ်တည်ဆောက်ထားပေမဲ့ ညချမ်းရဲ့လရောင်ကို ငါမတားနိုင်ဘူး……

စိတ်ကုန်သွားတဲ့အချစ်
လူတိုင်းကြုံဖူးမယ်ထင်တယ် လူတစ်ယောက်ကို ချစ်ရတာမောလာတာ…. ဒီအကြောင်းတွေကြောင့်များလား
၁- နှစ်ယောက်အတူနေတာအချိန်ကြာမြင့်သွားရင် ရင်ခုန်မှုတွေကမရှိတော့ဘူး သံယောဇဉ်တခုနဲ့သာ
၂- နောက်တယောက်ကိုချစ်ချင်တယ် ဒါပေမဲ့ သူ့ကိုမထိခိုက်မနာကျင်စေချင်ဘူး ဒီလိုနဲ့ ဒီတိုင်းဆက်လျှောက်တယ်…ပင်ပန်းလာတယ် သူနဲ့အတူရှိချိန်တွေ
၃- သူအပေါ်မှာ အစကတည်းက ချစ်ခဲ့တာမဟုတ် ကိုယ့်အပေါ် ဂရုစိုက်လွန်းလို့ တွယ်တာနေမိခဲ့တာ
၎- နှစ်ယောက်လုံးလမ်းခွဲချင်ပေမဲ့ ဒီအတိတ်ကအကြောင်းတွေက သူတို့ကိုမခွဲခိုင်းခဲ့ဘူး
ဒါတွေကြောင့် တယောက်အနားမှာတယောက်ရှိနေရတာက ပင်ပန်းလားတယ် …. စာဖတ်သူကိုမေးချင်တယ် ဒီလိုမျိုးကြုံတွေ့မယ်ဆိုရင် သင်ဘယ်လိုဆုံးဖြတ်မလဲ ဒီရဲ့အဖြေက အဓိကသော့ချက်ကသင့်ပေါ်မှာမှုတည်ပါတယ် သင့်ရဲ့တယောက်ပေါ်မှာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ သေချာစဉ်းစားလိုက်ရင် အဖြေပါပဲ…
အချိန်ကြာမြင့်သွားလို့ ငြီးငွေ့သွားမယ်ဆိုရင် စိတ်ဝင်စားတဲ့အလုပ်တခုကိုလုပ်ပါ အဲဒီစိတ်ဝင်စားတဲ့အလုပ်က သင့်အတွက် ဘယ်အချိန်ထိ သင့်ကိုစိတ်အားထက်သန်စေမှာလဲ… သင်ငြီးငွေ့လာမှာပါပဲ။ အချစ်လဲဒီလိုပါပဲ ဒါပေမဲ့ အချစ်နဲ့ အလုပ်မတူပါဘူး အလုပ်မလုပ်ချင်ရင် နောက်အလုပ်ကိုရှာနိုင်တယ် အချစ် မချစ်ချင်ရင် နောက်တယောက်လွယ်လွယ်နဲ့မရှာနိုင်ပါဘူး။
သင်က နောက်တယောက်ကို ချစ်မိနေပြီ လက်ရှိတယောက်ကိုလဲ မနာကျင်စေချင်တာနဲ့ သင်ဆက်တွဲနေခဲ့တယ်… သင်စဉ်းစားမိလား သင့်မျက်စိရှေ့ကသူကို သင်ဘယ်လိုမှာမျက်စိထဲမထည့်ချင်ဘူး ဒါဟာ သူ့အတွက် ဒဏ်ရာတွေ ပိုနက်နဲသွားလိုက်မယ် ဒီလက်ရှိတယောက်ကို လုံခြုံမှု အားကိုးမှုတွေကို မပေးနိုင်တော့ နောက်တယောက်ကို သင်ဘယ်လိုပေးနိုင်မှာလဲ…. အချိန်တွေက နာကျင်မှုကို ကုစားပေးတယ်ဆိုပေမဲ့ အချိန်ကြောင့် နာကျင်တာတွေ ပိုနက်နဲတက်တယ်…. သင့်ကိုမချစ်တော့တဲ့သူနဲ့ သင်ရင်ဆိုင်နေရရင် သင်ဘယ်လိုဖြစ်မလဲ…. လူတယောက်ကိုချစ်တယ် ပိုင်ဆိုင်ခြင်းလား။ သင်ပျော်ရွှင်မှုကိုမပေးနိုင်တော့ရင် သူ့ကိုမနှိပ်စက်တော့ပါနဲ့……
ဂရုစိုက်မှုတွေကြောင့်သင်သာယာခဲ့မိတယ်ဆိုရင် တနေ့ သူ့ရဲ့အပြုအမူတချက်ကြောင့် သင်ချစ်တာ သူမဟုတ်ပါဘူးဆိုတာကို နိုးဆွလာသလိုဖြစ်လာရင် ဒီသာယာမှုတွေနဲ့ နစ်မျှောနေခဲ့တဲ့ သင့်ကိုသင် သနားမိမယ်…. ဒီလိုနဲ့ပဲ သူ့ရဲ့ဂရုစိုက်မှုတွေကြောင့် သင်သူ့ကိုထိခိုက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး သူ့ကိုချစ်ဖို့ဆိုတာလဲမဖြစ်နိုင်ပါဘူး ဒါဟာအစကတည်းက မှားယွင်းလာခဲ့တာပါ သင်ခု နားလည်သွားပေမဲ့ အချိန်တွေနှောင်းခဲ့ပြီ သင်မရက်စက်နိုင်ဘူး ဒီလိုနဲ့ ဒုတိယနာကျင်မှုကို သင်မသိချိန်အတွင်းပေးလိုက်မိတယ်… မချစ်ခဲ့မိရင် မသာယာပါနဲ့…..

တလွဲချစ်
ဘ၀မှာ တွေ့ဆုံလိုက်ခွဲခွါလိုက်….
တွေ့မြင်ရတာတွေ ပျောက်ကွယ်သွားတာတွေ မှတ်မိတာ မေ့သွားတာ အမှတ်တရဖြစ်တာ…
အားလုံးကအတိတ်တွေဖြစ်ကုန်တယ်…
နှုတ်ဆက်စရာမလိုတဲ့သူတွေအများကြီးပါ သွားရာလမ်းလေးခဏတာတူနေလို့ပါ
အမှတ်တမဲ့တွေဟာ အမှတ်တရဖြစ်စေတယ်
ငါတို့တွေဟာလေတိုက်တိုင်းယိမ်းယိုင်နိုင်တဲ့သစ်ရွက်ပမာပါ အထီးကျန်မှုကိုရင်ဆိုင်ရင် ၀မ်းနည်းတယ်
အမှတ်တမဲ့ဆိုတဲ့အတိုင်း ဖန်တီးလို့ရတာမဟုတ်လို့ အလှပဆုံးပါပဲ
အချစ်မှာ တွေးတောမှုတွေ စဉ်းစားမှုတွေမရှိတော့ရင် အချစ်စစ်လား
ဟုတ်မယ်ထင်ပါတယ် နှလုံးသားရဲ့စိုးမိုးမှုကများနေမှသာ အချစ်စစ်လို့ခေါ်နိုင်မယ်
ကြံ့ခိုင်အောင် လုပ်နေရင်းနဲ့ ဒဏ်ရာတွေ အမှတ်တမဲ့ရလာတယ် ရင့်ကျက်လာတယ်
ချစ်ရင်းနဲ့ အကျင့်လိုဖြစ်သွားတယ်
နာကျင်ရင်းနဲ့ ဒဏ်ရာတွေနက်ကုန်တယ်
မုန်းရင်းနဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်ကုန်တယ်
သစ်ရွက်ကလေး လေထဲမှာပျံဝဲနေသလိုနဲ့ မြေပေါ်ကိုဆင်းသက်နေခဲ့တယ်
ခုတော့အားလုံးပြီှးဆုံးကုန်ပြီ
ဘယ်သူဟာဘယ့်သူအတွက် အိပ်မက်တွေပေးနေတာလဲ
ဘယ်သူကဘယ်သူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်တာလဲ
ဒီအတိတ်ထဲက ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေဟာ ငါ့ကိုနာကျင်စေတယ်
အနမ်းနဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကို ဒီအချစ်နဲ့ မြှပ်လိုက်ပါရစေ……
ရေးသားသူ- novemberpearl-နိုဝင်ဘာပုလဲ

မထားခဲ့ပါဘူး
လွန်ခဲ့တဲ့နှစ် ၄၀ လောက် ပေကျင်းကျောင်းက ချစ်သူစုံတွဲ စစ်ပွဲကြောင့် ကောင်မလေးက ထိုင်ဝမ်ကိုရောက်သွားခဲ့တယ်….
ကောင်မလေးကိုကောင်လေး စောင့်နေခဲ့တယ်… ကောင်မလေးပြန်လာမဲ့ရက်ကို ကောင်မလေးမတွေ့မှာစိုးလို့ ကျောင်းစာကြည့်တိုက်မှာ အလုပ်လုပ်ရင်း စောင့်နေခဲ့တယ်
ဒီအချစ်ဇာတ်လမ်းလေးက ဘယ်လောက်ပဲ ဝေးနေပါစေ အချိန်ဘယ်လောက်ပဲဝေးကွာပါစေ နက်နဲစစ်မှန်လှတဲ့အချစ်စစ်ကို အချိန်ကမကုစားနိုင်ခဲ့ပါဘူး အစားမထိုးနိုင်ခဲ့ပါဘူး
ငါမင်းကို ချစ်ပါတယ် ဆိုတဲ့စကားကို ယခုလက်ရှိမှာ ငါမပြောလိုက်ရရင် ဒီတသက်အခွင့်အရေးရှိပါ့မလား
ငါမင်းကိုစောင့်နေပါမယ်လို့ ကောင်မလေးကိုပြောခဲ့တဲ့စကားတစ်ခွန်းကတော့ နှစ် ၄၀ တိုင်အောင် စောင့်နေခဲ့တယ်….
ဒီလိုနဲ့ နှစ်၄၀ပြီးနောက် အဘွားအိုက ပေကျင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်….. နောက်ဆုံးအချိန်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကို လုပ်ဖို့စဉ်းစားခဲ့တယ်… အပြင်လူတွေကကြည့်မယ်ဆိုရင် ဒီလောက်အသက်အရွယ်မှာ ပြန်ဆုံကြမယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ဒါပေမဲ့ တကယ်ချစ်ပြီး သံယောဇဉ်ရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ထဲကရင်းနှီးမှုကို မစိမ်းကားစေခဲ့ပါဘူး…. လောကဓံတရားကို မလွန်ဆန်နိုင်တာပါ…..
အဘွားအို ကျောင်းထဲကိုဝင်ပြီး သူရဲ့အတိတ်ကို ပြန်တွေးရင်း နေရာဟောင်းလေးတွေကို ဖြတ်သန်းရင်း စာကြည့်တိုက်ဖက်ကို ဦးတည်လာခဲ့တယ်…
စာကြည့်တိုက်ကို ၀င်လိုက်တာနဲ့ ရင်းနှီးတဲ့ကျောပြင်ဟာ သူ့ကိုနွေးထွေးစွာကြိုဆိုနေခဲ့တယ်..
အဘိုးကြီးလှည့်ကြည့်လိုက်တယ်အချိန်မှာ ဘာအကြောင်းပြချက်မျှမလို မျက်ဝန်းနှင့် စကားပြောပြီး မျက်ရည်စက်တွေကျလာတာဟာ သူတို့ရဲ့ နှစ် ၄၀ ချစ်သက်သေတည်ပြီး အပြုံးတွေက ကြည်နူးစေပါတယ်…
ဒီ နှစ်၄၀ဆိုတာဟာ သူတို့ရဲ့ရင်ထဲနှလုံးသားထဲမှာ အတားအဆီးမရှိ ချစ်မြတ်နိုးကြတယ်ဆိုတာ အိုမင်းသွားတဲ့ရုပ်ရည်တွေက သက်သေပါပဲ…
ဘာမှမပြောကြပဲ သူတို့ လက်ကိုတွဲပြီး ကျောင်းဆောင်ရဲ့လှေခါးကို ငယ်တုန်းကလို အတူတူ ခြေလှမ်းခဲ့တယ်… ကျောင်းဝန်းထဲမှာ ကျောင်းသားဘ၀တုန်းက လှမ်းခဲ့တယ်နေရာ သွားခဲ့တဲ့နေရာ နေနေကျနေရာတွေဟာ မနေ့ကလာထားတဲ့အတိုင်း ရင်းနှီးနေပါတယ်………………..

Subscribe to:
Posts (Atom)