Sunday, April 4, 2010

မလိုချင်သောတမ်းတမှု

မလိုချင်သောတမ်းတမှု

အချစ်................ ပူလောင်မှုတွေကိုပေးတယ် မျက်ရည်တွေကို ကျစေတယ်လို့ စကားလုံးတွေကို သီကုံးဖွဲ့နွဲ့ခဲ့တယ်။
မသိတတ်အရွယ် မှ သိတတ်တဲ့အရွယ်အထိ တမ်းတမျှော်လင့်ခဲ့တယ်။
တကယ်တော့ ဒီအချစ်ကြောင့် ဘယ်လောက် ဒဏ်ရာတွေများနေပါစေ ဆက်ချစ်ဖို့ ထပ်ချစ်ဖို့ မတွန့်တိုခဲ့ဘူး။
ဒါကို မလိုချင်သောတမ်းတမှုလို့ပြောရင် မှားမယ်မထင်ပါဘူး။
လူတိုင်း စဉ်းစားတွေဝေခဲ့မယ်ထင်ပါတယ်။
ကျစင်းသွားတဲ့ မျက်ရည်ကို သုတ်ပေးဖို့ အကြင်နာ လက်ကိုစောင့်မျှော်နေသလား။ ပူလောင်နေတဲ့ မီးတောက်ထဲကနေ အေးမြတဲ့ ရေချမ်းကို တမ်းတနေမိသလား။
မလိုချင်ပေမဲ့ တမ်းတနေမိပါတယ်။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment