Sunday, April 4, 2010

နေရာတခု

နေရာတခု

လွတ်နေတဲ့
အဖြည့်ခံဘ၀လား

ဟာတာတာဖြစ်နေလို့
စမ်းသပ်ခံဘ၀လား

ဗလာမဖြစ်ခံလို့
ပြီးရောဆိုတဲ့ဘ၀လား

အိုင်တွေ့ခြေဆေးတတ်တာ ကျားတို့ရဲ့သဘာဝမှာ
ငါ အိုင်မဟုတ်ဘူး
တွင်းရေကြည်လေးပါ

ခုခေတ်က အ၀ီစိလို့မင်းပြောမှာလား
ဒါလဲ ငါအဖြစ်မခံနိုင်ဘူး
မင်းငါ့အနက်ကို မသိမှာဆိုးလို့ပါ

ငါဖြစ်ချင်တာ
မင်းလိုလားတောင်းတတဲ့ ဘ၀မျိုးပါ
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment