Sunday, April 4, 2010

မိန်းမနဲ့ယောက်ျားကိုဘယ်လိုရွေးမလဲ

မိန်းမနဲ့ယောက်ျားကိုဘယ်လိုရွေးမလဲ

ဂျီတော့ထဲက စကားလက်ဆုံကျရင်း ဒီလိုမေးခွန်းလေးကိုပြောဖြစ်ခဲ့ကြတယ်။
၁။ မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကိုရွေးရင်ဘယ်လိုရွေးရလဲ
၂။ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကို ဘယ်လိုရွေးရမလဲ
လို့မေးလာတယ်။
ကျွန်မက အချစ်အကြောင်းတွေရေးနေတော့ ချစ်ရင်ပြီးတာပဲလို့ ဖြေတော့ နောက်ထပ်မေးခွန်းကို မေးပြန်တယ်။
“အဲဒီမိန်းမက ဒေါင်ကျကျပြားကျကျလိုက်နိုင်ပါ့မလား။ မိဘတွေဘာတွေပါလာရင်လဲရှိသေးတယ်. အဲဒီအချိန်မှ အချစ်က ပျောက်သွားတတ်တယ်
အဲဒီအချိန်မှာ
အချစ်က အဓိကမဟုတ်ဘူး
ယောင်္ကျားက ရွေးစရာ
၎ ခုရှိတယ်
၁။ ပိုက်ဆံရှိတဲ့မိန်းမ
၂။ ပညာအရမ်းတတ်တဲ့မိန်းမ
၃။ အရမ်းရိုးသားတဲ့မိန်းမ
၎။ သူကိုယ်တိုင်မတော်ပေမယ့် ဘေးကလူကိုတော်အောင်လုပ်ပေးနိုင်တဲ့မိန်းမ
”တဲ့။
ကျွန်မသူ့ကို နံပါတ် ၄ မြောက် သူကိုယ်တိုင်မတော်ပေမယ့် ဘေးကလူကိုတော်အောင်လုပ်ပေးနိုင်တဲ့မိန်းမ ကို ရွေးခိုင်းလိုက်ပါတယ်….

နံပါတ် ၁ ကို ရွေးရင် ပိုက်ဆံရှိတဲ့အတွက် သူကသင့်ကိုအရမ်းနားလည်ပေးပါတယ်ဆိုပြီး ရွေးချယ်လိုက်မယ်။ ဥပမာအနေနဲ့ပြောရရင် သူမ သွားနေကျ စားသောက်ဆိုင်ထဲဝင်မယ် အတူစားပြီးတဲ့အချိန် သူမ ရဲ့ ပိုက်ဆံအိတ်ကို သင့်ကိုခိုးပေးတာကို သင်လက်ခံနိုင်လား။ သူမရော သင်စားနေတဲ့ ဆိုင်ကို လိုက်စားနိုင်လား။ ပိုက်ဆံရှိတယ်ဆိုပြီး ယောက်ျားကို ယောက်ျားလို့မသတ်မှတ်ဘူးလား။ ဒါဆိုရင် သင့်မိဘကို သင့်ငဲ့ကြည့်ပေးမှာမဟုတ်ပါဘူး။ သင့်ဘက်ကအများကြီး စဉ်းစားရသလို သူမ ဘက်ကလည်း တော်တော်စဉ်းစားရမယ်။

နံပါတ် ၂ ကိုရွေးမယ်ဆိုရင် သင်သူ့နောက်ကနေ အမြဲနေနေရမှာသေချာနေပါတယ်။ သင့်မှာ ကြီးမားတဲ့ ယောက်ျားမာနတွေကို အောက်ချရမယ်။ လွင့်ပစ်လိုက်ရမယ် လို့ပြောရင် ပိုကောင်းမယ်ထင်တယ်။ သူမကတော့ အမြဲ ရှေ့ဆောင်လမ်းပြသွားနေမှာ။ သင်တကောက်ကောက်လိုက်နိုင်လား။ သူမမှာ ကြင်နာတဲ့ယုယမှုတွေဆိုတာ မရှိတော့တာကို သင်လက်ခံထားရမယ်။ တနည်းပြောရရင် super woman ပေါ့ကွယ်။ ဒီလို လုပ်ရည်ကိုင်ရည်ရှိတဲ့ မိန်းမတွေရဲ့ယောက်ျားတွေက သူတို့ကို ကြင်နာတတ်တဲ့ နောက်တစ်ယောက် ရှိသွားကြတဲ့ ဖြစ်နိုင်ချေများပါတယ်။

နံပါတ် ၃ ကို ရွေးမယ်ဆို ရင် ဘာပြောရမှန်းမသိလို့…. နံပါတ် ၄ နဲ့ နှိုင်းယှဉ်ချင်ပါတယ်။ နံပါတ် ၃ ကို ရွေးရင်တော့ သာမန်တဲ့ ဘ၀ကို ရရှိမှာပါ။ တခုတော့ ရဲရင့်စွာဆုံးဖြတ်ချထားဖို့လိုမယ်။ သူမ က ရိုးရှင်းလွန်းတဲ့အတွက်ကြောင့် သင့် အလုပ်တွေကို ကူညီနိုင်မျာမဟုတ်သလို သင် တနေ့တခြား ရိုးအီလာသလိုဖြစ်လာမှာပါ။ သင်မြတ်နိုးတာ သူမရဲ့ ရိုးရှင်းတဲ့ဘ၀ဆိုရင်တော့ ကျွန်မ မတားပါဘူး။

ကျွန်မရွေးခိုင်းတဲ့ နံပါတ် ၄ ကိုပြောရရင်…. ဖိအားတွေမများပဲ အောင်မြင်မှုကိုမြန်မြန်လှမ်းနိုင်သလို ပြောစရာမရှိတဲ့ သာယာတဲ့ အိမ်ထောင်တခုကို သူမဖန်တီးပေးထားမှာပါ။ အလုပ်တွေကို ၀ိုင်းကူလုပ်ပေးနိုင်တဲ့အသိညဏ် ဖေးမကူညီမှု အဆင်သင့် မိခင်သဖွယ်လို စောင့်ရှောက်မှု မယားသဖွယ်လို ကြင်နာမှု နှမသဖွယ်လို အားကိုးမှု သမီးသဖွယ်လို မှီခိုမှု အတွင်းရေးမှုးတစ်ယောက်လို စီစဉ်ပေးမှု ဆရာမသဖွယ် ဆုံးမပေးမှု သူငယ်ချင်းသဖွယ် ပျော်ရွှင်လွတ်လပ်မှု တွေကို ပေးနေမှာပါ။ ဒါကို တရုတ်စကားပုံတခုအနေနဲ့ရပ်တည်နေပါတယ်။ “အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ လိမ္မာပါးနပ်တဲ့ ဇနီးကောင်းတစ်ယောက်ရှိတယ်” ဆိုတဲ့ စကားလေးပါပဲ။ ကျွန်မအနေနဲ့တော့ သူ့ကို ဒီလိုပြန်ဖြေပေးလိုက်ပါတယ်။

ဒါကတော့ ကျွန်မအမြင်နဲ့ဖြေထားတဲ့အဖြေလေးပါ။ စာဖတ်သူတို့တွေလဲ မေးချင်သိချင်ကြမယ်အထင်နဲ့ ဝေမျှလိုက်ပါတယ်။ မျှတစွာသုံးသပ်နိုင်ပါစေ။
ရေးသားသူ-နိုဝင်ဘာပုလဲ-novemberpearl

နိုဝင်ဘာပုလဲစာတွေကို ဖတ်နိုင်သလို ကူးယူသွားနိုင်ပါတယ်၊ ပြန်လည်ဝေမျှမယ်ဆိုရင်လဲ
ပုလဲဝမ်းသာမဆုံးပါ၊ ဒါပေမဲ့ တောင်းဆိုမှုလေးတစ်ခုတော့ရှိတယ် စာရဲ့တစ်ထောင့်တစ်နေရာမှာ
`novemberpearl´ ဆိုတာလေးကိုထည့်ပေးဖို့ နူးညွှတ်စွာတောင်းဆိုလိုက်ပါတယ်...........

No comments:

Post a Comment